ဒီလိုချစ်စရာ ဖဲပြားပုံဆံပင်ထုံးနည်းကို နောက်တစ်ကြိမ်ပါတီသွားရင် ထုံးသွားချင်တယ် ဆိုတာတော့ ရိုးရိုးသားသား ၀န်ခံလိုက်နော်။ ဆံပင်ပညာရှင် Matt Fugate ရဲ့ ထုံးဖွဲ့နည်း အဆင့်လေးဆင့်က သင့်ကို ကူညီနိုင်မှာပါ။ လွယ်လည်း အလွန်လွယ်ကူပါတယ်။
(၁) ဆံပင်ကို ဦးခေါင်းအပေါ်နားအထိ ဆွဲယူပြီး တစ်ဝက်ကျော်ပြန်ခေါက်လို့ အရင်းကနေစည်း လိုက်ပါ။ ရှည်တဲ့အပိုင်းကို အရှေ့မှာထားပါ။
(၂) ဆံပင်ကို ဖဲပြားပုံရအောင် အလယ်ကနေ အညီအမျှခွဲလိုက်ပါ။
(၃) ဆံပင်အဖျားလေးတွေကို ယူလိုက်ပြီး အနောက်ဘက်ကို အလယ်ကနေ ပတ်ပြီး ပို့လိုက်ပါ။ ဒါက ဖဲပြားရဲ့အလယ်ပိုင်းကို ဖန်တီးပေးပါလိမ့်မယ်။
(၄) နောက်မှာ ကျသွားမယ့် ဆံပင်အဖျားတွေကို ကလစ်အနည်းငယ်နဲ့ ခိုင်ခံ့ သေသပ်အောင် ညှပ်ပေးပါ။
ဒါဆိုရင်တော့ နယူးရီးယာ်းပါတီမှာ အလန်းဆုံးဖြစ်နေစေမယ့် ဆံပင်ထုံးဖွဲ့နည်းလေး ရပြီပေါ့။ ဖဲပြားအလယ်မှာ ဆံထိုးလေးတွေလည်း စိုက်ချင်စိုက်လို့ရပါသေးတယ်။
Ref:seventeen