အရပ်ပုတဲ့အမျိုးသားတွေ ရွေးချယ်သင့်တဲ့စတိုင်

male-models-13.jpg

        အရပ်ပုတာ၊ အရပ်မရှည်တာဟာ စိတ်ကသိကအောက်ဖြစ်စရာ ကိစ္စတစ်ခုပါ။ ဒါပေမယ့်လည်း ၀တ်စားပုံဖက်ရှင်တွေက သင့်ကိုရှည်သယောင်ယောင် ဖြစ်အောင် ပြုပြင်ပေးနိုင်ပါတယ်။

(၁)    ကာလာ အလင်းအမှောင်တွေက သင့်ကို ရှည်အောင်ပြုပြင်ပေးနိုင်ပါတယ်။ အထက်အောက် ဆင်တူဖြစ်အောင်ဝတ်ပါ။ အထူးသဖြင့် အနက်ရောင်က မျက်လုံး ထဲမှာ ရှည်တယ်လို့ထင်မှတ်စေပါတယ်။ တကယ်လို့ အပေါ်အောက် ဆင်တူမဖြစ်ခဲ့ ရင်တောင် ပိုရင့်တဲ့အရောင်ကို အောက်မှာထားပါ။ ဘောင်းဘီအရင့်နဲ့ ရှပ်အဖျော့ တွဲဝတ်ခြင်းကလဲ အလျားရှည်တယ်လို့ ထင်ရပါတယ်။

(၂)    ဒေါင်လိုက်မျဉ်းတွေ ၀တ်ပါ။ ဒေါင်လိုက်မျဉ်းတွေက ပိန်တယ်လို့ထင်ရပြီး အလျား လိုက် မျဉ်းတွေကတော့ ၀တယ်လို့ထင်ရပါတယ်။ တော်တော်များများ ဒါကို ကြားဖူးကြမှာပါ။ ပြတ်တောင်း ပြတ်တောင်း မဟုတ်တဲ့ ဒေါင်လိုက်အစင်းတွေဝတ်ဆင်ခြင်းဟာ တမင်ကြိုးစားလုပ်ယူထားတဲ့ပုံ မပေါက်ဘဲ အရပ်ပိုရှည်စေတဲ့ နည်းလမ်း ကောင်းတစ်ခုပါ။

(၃)    သပ်သပ်ရပ်ရပ် စတိုင်ကျကျ ခန္ဓာကိုယ်နဲ့ အတိဖြစ်တဲ့ပုံစံမျိုးဝတ်ပါ။ ကိုယ်နဲ့ ကြီးနေတာမျိုး၊ ပွယောင်းယောင်း ဖြစ်နေတာမျိုးကို ရှောင်ပါ။

(၄)    အရောင်တောက်တောက်မျိုးကို ရွေးချယ်ပါ။ အသားအရေနဲ့လိုက်ဖက်မှု ရှိဖို့ ကိုလည်း သတိပြုပါ။ (ဥပမာ-အပြာ၊အစိမ်း၊အညို၊အနီ) စတာတွေပါ။

(၅)    Accessories တွေနဲ့ တန်ဆာဆင်ပါ။ ခါးပတ်အပြားကြီးကြီး ၀တ်တာမျိုး ရှောင်ပါ။ ဦးထုပ်၊ ရှူးဖိနပ်တို့နဲ့ ပိုရှည်တယ်ထင်ရအောင် အားဖြည့်ပါ။

ဒါဆိုရင်တော့ အရပ်ရှည်မလာပေမယ့် ရှည်သယောင်ကြည့်ကောင်းတဲ့ အသွင်အပြင် ကို ရမှာဖြစ်ပါတယ်။

Ref:MENSXP

132 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.