ဘာစီလိုနာမှာ အကောင်းဆုံးပုံစံမရသေးဟု အင်နီယေစတာမှတ်ချက်ပြု

news_d.jpg

ရီးရဲလ်မက်ရစ်အား (၂-၁)ဂိုးဖြင့် အနိုင်ယူခဲ့ပြီးနောက် ယခုနှစ်လာလီဂါပွဲစဉ်(၁၀)အပြီးတွင် (၉)ပွဲနိုင်၊ (၁)ပွဲသရေ စွမ်းဆောင်မှုများကြောင့်  အမှတ်ပေးဇယားတွင် ဦးဆောင်လျက်ရှိနေ သော ဘာစီလိုနာအသင်း၏ ကွင်းလယ်ဖန်တီးရှင် အန်နီယေစတာက မိမိတို့အသင်းမှာ အကောင်းဆုံးအခြေအ နေ သို့မရောက်သေးဟု ပြောကြားလာခဲ့သည်။ “ ကျွန်တော်တို့အသင်းက အကောင်းဆုံးပုံစံကိုရဖို့ လိုနေပါသေးတယ်။ ချန်ပီယံဆုဖလားတွေကို ရယူနိုင်ဖို့ဆိုရင် အခုလိုတိုးတက်မှုနှုန်းထားအတိုင်းဆက်လက် တည်မြဲသွားရမှာဖြစ်ပါတယ်။ ကာလရှည်ကစားရမယ့် ဘောလုံးရာသီမှာ အခုလိုအချိန်က ဘာမှသေသေချာချာ မပြောနိုင်သေးပါဘူး။ ရီးရဲလ်မက်ဒရစ်လိုအသင်းမျိုးကို အနိုင်ရခဲ့တဲ့ပွဲမျိုးက ယုံကြည်မှုမြင့်မားသွားစေနိုင်တာ တော့အမှန်ပါပဲ။ အင်္ဂနေ့ကျရရင် ဆဲလ်တာဗီဂိုနဲ့ကစားရမယ်။ အဲဒီပွဲကို အနိုင်ကစားပြီး (၃)မှတ်ယူရလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် ရီးရဲလ်ကိုနိုင်ထားခဲ့တာတွေက အလကားဖြစ်သွားပါလိမ့်မယ်”ဟု အန်နီယေစတာက ပြောခဲ့ ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းမှာ လာလီဂါပွဲစဉ်(၁၀)ပြီးဆုံးချိန်တွင် (၂၈)မှတ်ဖြင့် ထိပ်ဆုံးမှရပ်တည်နေပြီး ဒုတိယနေရာ တွင် အသလက်တီကိုမက်ဒရစ်အသင်းက တစ်မှတ်အကွာဖြင့် ကပ်လိုက်နေသည်။ တတိယနေရာမှ ရီးရဲလ် မက်ဒရစ်မှာမူ ဒါဘီပွဲအရှုံးကြောင့် ဘာစီလိုနာနှင့် (၆)မှတ်ပင်ကွာဟသွားခဲ့ရသည်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.