Ive နဲ့ Newsonဆိုတဲ့သူနှစ်ဦးဟာ ပရဟိတရံပုံငွေပွဲအတွက် လေလံပွဲတစ်ခုလုပ်ဖို့စီစဉ်ထားပါတယ်။ နိုဝင်ဘာလ၂၃ရက်နေ့မှာ လုပ်မယ့် အဲ့ဒီ့လေလံပွဲမှာ အနီရောင်Mac Proကိုရောင်းချပေးသွားမယ်လို့ သိရပါတယ်။
Appleကထုတ်တဲ့ Mac Proသစ်ဟာ စွမ်းအားအကောင်းဆုံး desktop ကွန်ပျူတာတစ်လုံးဖြစ်ပါတယ်။ မူရင်းဈေးကတော့ကိုတော့ ဒေါ်လာသုံးထောင်လို့သတ်မှတ်ထားပါတယ်။
Mac Proသစ်ဟာ အပြင်ဘက်အနက်ရောင်ဖြစ်ပြီး ကိုယ်ထည်ကလုံးပါတယ်။ Darth Vaderရဲ့အမှိုက်ပုံးနဲ့ တူတယ်လို့ CNetကဖော်ပြထားတယ်။ အနက်ရောင်အပြင် နောက်ထပ်အရောင်တစ်မျိုးလိုချင်မှာပေါ့။ အနီရောင်လား။ ဒီလိုမော်ဒယ်မျိုး ရှိပါတယ်။ ဒါပေမဲ့ ကန်ဒေါ်လာ၎သောင်းကနေ ၆သောင်းကြားဆိုတော့ ဈေးက မဟားတရားမြင့်လွန်းအားကြီးတယ်။ Appleကုမ္ပဏီရဲ့ အကြီးတန်း ဒုဒီဇိုင်နာမှူး Jony Iveနဲ့ ဒီဇိုင်နာ Marc Newsonတို့အဖွဲ့ဟာ ပရဟိတရန်ပုံငွေအတွက်ရည်ရွယ်ပြီး သုံးစွဲသူစိတ်ကြိုက် စက်ကိုဖန်တီးခဲ့ကြပါတယ်။
နိုင်ငံပေါင်းစုံအဖွဲ့အစည်းဖြစ်တဲ့ Sothebyရဲ့ကြီးကျပ်မှုနဲ့အတူ နိုဝင်ဘာ၂၃ရက်နေ့မှာ လေလံစနစ်နဲ့ရောင်းချ ပါလိမ့်မယ်။ ကန်ဒေါ်လာ ၄သောင်းနဲ့ ၆သောင်းကြား ရမယ်လို့တော့မျှော်လင့်ထားကြပါတယ်။
(Ref:theguardian)