ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကျင်းပခဲ့သော အိန္ဒိယဂရင်းပရီတွင် အနိုင်ရသွားခဲ့သော Red Bull အသင်းသား ဆီဗက်စတီယန်ဗီတဲလ်မှာ ၂၀၁၃ခုနှစ် ဖော်မြူလာဝမ်းပြိုင်ပွဲကို လက်ကျန်ဂရင်းပရီ (၃)ပွဲကျန်ရှိနေသော် လည်း ချန်ပီယံဖြစ်သွားခဲ့ပြီဖြစသည်။ ထိုသို့စောစောစီးစီး ဗိုလ်စွဲခဲ့သော ဗီတဲလ်အား ပြိုင်ဘက်ဖာရာရီအသင်းသား ဖာ နန်ဒိုအလွန်ဆိုက ချီးကျူးစကားပြောလာခဲ့သည်. ။“သူက အရမ်းအံ့သြဖို့ကောင်းတဲ့ ကားမောင်းသမားတစ်ဦး ပါ။ ဒီနှစ်ပြိုင်ပွဲတွေရဲ့ ဒုတိယနှစ်ဝက်မှာ နိုင်ပွဲတွေဆက်တိုက်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ နောက်နှစ်ကျရင် တော့ သူ့ကိုဒီလောက်လွယ်လွယ်နဲ့တော့ ချန်ပီယံဖလားမပေးတော့ပါဘူး”ဟု ဖာရာရီအသင်း သား ဖာနန်ဒိုအလွန်ဆိုက ပြောခဲ့သည်။ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂နှင့် ၂၀၁၃ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲများ တွင် လေးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့သော ဗီတဲလ်မှာ မိုက်ကယ်ရှုးမေကာ၊ ဟွမ်မန်နူရယ်ဖန်ဂီယို၊ အလိန်းပ ရော့စ်တို့နည်းတူ ဖော်မြူလာဝမ်း(၄)ကြိမ်ချန်ပီယံများစာရင်းထဲဝင်လာခဲ့သည်။
“ ကျွန်တော်ဘာပြောရမှန်းမသိတော့ပါဘူး။ ကျွန်တော့ကို တစ်ခုခုပြောစေချင်ကြပေမယ့် ဘာကစပြောရမှန်းကို မသိတော့ပါဘူး။ အရမ်းကို ထူးခြားတဲ့နှစ်တစ်နှစ်ပါ။ နောက်နှစ်တွေမှာ ဒီထက်ပိုပြီးကြိုးစားသွားမှာပါ”ဟု ချန်ပီ ယံဗီတဲလ်ကပြောခဲ့သည်။ ဆီဗက်စတီယန်ဗီတဲလ်မှာ ယခုအိန္ဒိယဂရင်းပရီအပြီးတွင် ရမှတ်ပေါင်း ၃၂၂မှတ်ရရှိ ထားရာ ဒုတိယနေရာတွင် ရှိနေသော ဖာနန်ဒိုအလွန်ဆို (၂၀၇)မှတ်အနေဖြင့် လက်ကျန်ဂရင်းပရီသုံးပွဲ(အဘူဒူ ဘိုင်း၊ အမေရိကန်၊ ဘရာဇီးလ်ဂရင်းပရီ)အားလုံးချန်ပီယံဖြစ်ရာမှ (၇၅)မှတ်ရလာခဲ့လျှင်ပင် ဗီတဲလ်အား မည်သို့ မျှ လိုက်မမီနိုင်တော့ပေ။