ဟောလိဝုဒ်ရဲ့အထင်ကရမင်းသား Brad Pitt တစ်ယောက် ဆပ်ပြာမသုံးတော့ဘူးလို့ဆိုပါတယ်။ World War Z ရုပ်ရှင်ဇာတ်ကားရဲ့သရုပ်ဆောင် Brad Pitt ဟာသဘာဝပါတ်ဝန်းကျင်အတွက်ပိုသင့်တော်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အစဉ်အလာအတိုင်းရေချိုးကိုယ်လက်သန့်စင်တဲ့နည်းလမ်းတွေကိုစွန့်လွှတ်ပြီး သံပုရာသီး ရေနဲ့ ပန်းသီးဖျော်ရည်ရှာလကာအရောအနှောတို့ကိုအသုံးပြုပြီးကိုယ့်ကိုကိုယ်သန့်စင်နေပါပြီ။
Brad Pitt က “ကျွန်တော်ဆပ်ပြာတွေရဲ့အဆိပ်သင့်ပုံကိုကောင်းကောင်းလေ့လာဖတ်ရှုပြီးပါပြီ။ အထူးသဖြင့် ဘက်တီးရီးယားကာကွယ်တဲ့ဆပ်ပြာတွေပေါ့။ ပြီးတော့ဒီဆပ်ပြာတွေနဲ့ ဂျိုင်းချွေးနံ့ပျောက်ဆေးတွေ သုံးရတာဟာ သဘာဝပါတ်ဝန်းကျင်အတွက်ဆိုးရုံသာမကဘဲ လူရဲ့အိုမင်းရင့်ရော်မှုကို ပိုမိုလျှင်မြန်စေပါတယ်” လို့ဆိုပါတယ်။
Brad Pitt ရဲ့ဒီလုပ်ရပ်ကြောင့်သူ့ရဲ့ချစ်သူ Angelina Joile အပါအ၀င်ကလေး ၆ယောက်လုံးကိုထိခိုက်တာတော့မရှိပါဘူး။
Angelina ကတော့ သူ့ကိုကလေးတွေက ခြင်စော်နံနေတဲ့ဖေဖေကြီးလို့ခေါ်နေကြပြီလို့နောက်ပြောင်ပါတယ်။
အသက်၄၉နှစ်ရှိပြီဖြစ်တဲ့ Brad Pitt ဟာ လန်ဒန်မြို့မှာ Fury ဇာတ်ကားရိုက်နေတာဖြစ်ပြီး ၃၈နှစ်ရှိပြီဖြစ်တဲ့ Angelina Jolie ကတော့သူ့ရဲ့ ဒါရိုက်တာအဖြစ်ပါဝင်တဲ့ ဒုတိယမြောက်ရုပ်ရှင် Unbroken ကို သြစတျေးလျှမှာရိုက်ကူးနေတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ခရစ်စမတ်မတိုင်မီ ဟောင်ကောင်မှာ တွေ့ဆုံကြဖို့စီစဉ်ထားတာဖြစ်ပါတယ်။
(ref:starpaulse)