လိင်တူစုံတွဲတစ်တွဲအကြောင်းကိုအခြေခံထားတဲ့ အမေရိကန်ဒရာမာဇာတ်ကား Love Is Strange

love_is_strange.jpg

 

Manhattan အရပ်က လိင်တူစုံတွဲနှစ်ဦးဖြစ်တဲ့ Ben နဲ့ George တို့ဟာ ၃၉ နှစ်ကြာပေါင်းသင်းလာခဲ့ပြီးမှ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ George ဟာ ကက်သလစ်ကျောင်းက ဂီတဆရာတစ်ယောက်ဖြစ်ပြီး အဲဒီ့လက်ထပ်မှုကြောင့်အလုပ်ကပြုတ်ပါတယ်။ လစာမရတဲ့အတွက်သူတို့နှစ်ဦး နယူးယောက်ခ်က တိုက်ခန်းမှာအတူနေဖို့မဖြစ်နိုင်တော့ဘဲ သူငယ်ချင်းတွေအိမ်မှာကပ်နေရပြီး ပါဝင်ပါတ်သက်သူအကုန်လုံးအပေါ်လေးလံတဲ့ တာဝန်တွေကျရောက်စေတဲ့ အခြေအနေဖြစ်ပါတယ်။

Love Is Strange ဟာ အမေရိကန်ဒရာမာဇာတ်ကား ဖြစ်ပြီး ဒါရိုက်တာ Ira Sachs ကရိုက်ကူးထားပါတယ်။ သရုပ်ဆောင်တွေအဖြစ် John Lithgow, Alfred Molina, Marisa Tomei, Charlie Tahan တို့ပါဝင်ထားပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့အမေရိကမှာထွက်မှာဖြစ်ပါတယ်။

Ref:imdb.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.