Gifferine In Myanmar မိတ်ဆက်ပွဲအခမ်းအနား

gifferine_photo_6.jpg

ထိုင်းနိုင်ငံမှ နံမည်ကြီး အလှကုန်တစ်ခုဖြစ်တဲ့ Gifferine အလှကုန်ပစ္စည်းရဲ့ Gifferine in myanmar အခမ်းအနားကို ဇွန်၊ ၂၉ရက်နေ့က နံနက်၉နာရီမှ ည၇နာရီထိ Chatrium ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီအခမ်းအနားမှာ Gifferine ရဲ့Customer တွေ၊ ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ၊ စာနယ်ဇင်း မီဒီယာတွေနဲ့ အနုပညာရှင်တွေ စုံလင်စွာ တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။

Gifferine ရဲ့ president ဖြစ်တဲ့ Nalinee Paiboon  ပြောကြားခဲ့တဲ့ မိတ်ဆက် အမှတ်တရ အဖွင့်စကားကတော့ ‘ဒီGifferine grand opening ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပေးကြတဲ့ စာနယ်ဇင်းမီဒီယာ သမားများ နှင့်ဧည့်သည်တော်များကို အထူးပဲ ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ ကျွန်မတို့ Gifferine in myanmar အနေနဲ့ ဖြန့်ဖြူးတာ လေးလလောက် ရှိပါပြီ။ ဦးဆုံးအနေနဲ့ ကျွန်မတို့Gifferine ဖြစ်ခဲ့ပုံလေးကို ပြောပြချင်ပါတယ်။ Gifferine ဟာ ထိုင်းနိုင်ငံမှာအခြေစပြီးမှ ထုတ်လုပ်ခဲ့တာ အခုဆိုရင် ၁၈နှစ်ရှိသွားပါပြီ။ အခုဆိုရင် ထိုင်းနိုင်ငံမှာတင် မကပဲ နိုင်ငံအသီးသီးမှာပါ member အဖွဲ့အနေနဲ့ ခြောက်သိန်းရှစ်သောင်းခန့်ရှိသွားပါပြီ။ ကျွန်မတို့ရဲ့ Gifferine ဟာ ကမ္ဘာ့အဆင့်မီ အရည်အသွေးနှုန်းနဲ့ ညီတဲ့ စက်ရုံကြီးရှိပါတယ်။ အဲဒါကြောင့်မို့ပဲ ကျွန်မတို့ဟာ ကမ္ဘာ့အဆင့်မီအရည်အသွေးနဲ့ ညီတဲ့ ကုန်ပစ္စည်းတွေကိုပဲ ထုတ်လုပ်ထားခြင်း၊ တင်သွင်းခြင်းပဲဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ကျွန်မတို့ဟာ ပစ္စည်းအနေနဲ့ ကောင်းမွန်တဲ့အရည်အသွေးဆိုပေမယ့် ကျွန်မတို့ပစ္စည်းတွေက စံချိန်စံနှုန်းနဲ့ညီပြီး ဈေးနှုန်းချိုသာပါတယ်။ ဈေးနှုန်းကလည်းထင်သလို မမြင့်မားပါဘူး။

တတိယအချက်ကတော့ နှစ်ချက်ရှိပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့စက်ရုံကနေပြီးမှ ထုတ်လုပ်ရောင်းချတာကြောင့် အများကြီး အမြတ်ယူထားစရာမလို၊ ဈေးမတင်ထားသောကြောင့် ဈေးနှုန်းချိုသာနေခြင်းဖြစ်ပါတယ်။ ကုန်ပစ္စည်းရဲ့တစ်ခုချင်းစီမှာ ငါးရာခိုင်နှုန်းလောက်သာ အမြတ် ယူထားခြင်းသာဖြစ်ပါတယ်။ နောက်တစ်ခုက  မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားအပေါင်းကို ဖိတ်ခေါ်ပြီး ကျွန်မနဲ့ အတူတူ စီးပွားရေးလုပ်ငန်းကိုအတူတူဆောင်ရွက် စေချင်ပါတယ်။ Gifferine ရဲ့လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ လာပြီးပူးပေါင်းပြီး ကျွန်မတို့ပစ္စည်းဟာ ဈေးနှုန်းချိုသာတယ်။ အရည်အသွေးမြင့်မားတာကြောင့် ဝယ်သုံးစွဲသူအနေနဲ့ စိတ်ကျေနပ်စေသလို

ကျွန်မတို့ရဲ့လုပ်ငန်းဟာလည်း တည်တံ့စေနိုင်ပါတယ်။ နောက်ထပ်ရေရှည်တည်တံ့စေမယ့် အကြောင်းရင်းတစ်ချက်ရှိပါတယ်။ member ဝင်ခြင်းပဲဖြစ်ပါတယ်။ member ဝင်တာဟာ လူတစ်ယောက်ကို မြန်မာငွေခြောက်ထောင်ကျပ်သာ ကုန်ကျမှာဖြစ်ပါတယ်။ နှစ်တိုင်းmember ဝင်ကြေးဆိုပြီး ထပ်ပေးစရာမလိုဘူး။ ကိုယ်ကနေမှတစ်ဆင့်တစ်ဆင့် ထပ်ပြီးmember အသစ်တွေ တိုးပေးနိုင်တယ်ဆိုရင် ကျွန်မတို့နဲ့တစ်ဆင့်တစ်ဆင့်ကနေ ဆင့်ပွားပြီးမှအတူတူအကျိုးအမြတ် ကိုခံစားရမှာဖြစ်ပါတယ်။ အကျိုးအမြတ်ဆိုတာ တန်းတူညီမျှပြန်လည်ပြီးခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ ကုန်ပစ္စည်းရဲ့ ပစ္စည်းရာခိုင်နှုန်းရဲ့ ၄၅ရာခိုင်နှုန်းသာခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့၁၈နှစ်လောက်က Gifferineရဲ့ member ဝင်အယောက်၂၀၀၀လောက်ပဲရှိပါတယ်။ အခုဆိုရင် ခြောက်သန်းကျော်ရှိနေပါပြီ။

ကျွန်မအခုလို ဘာကြောင့်မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံဖို့ကြိုးစားခဲ့တာလဲဆိုတော့ အဓိကအချက်က မြန်မာပြည်သူပြည်သားတွေက ချစ်စရာကောင်းပြီးတော့ ဖော်ရွေတဲ့အပြင် မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ အသားအရည်ကလည်း ထိုင်းနိုင်ငံနှင့် မကွဲပြားပဲရှိနေတာကြောင့်ပါ။  Gifferine ကိုထိုင်းနိုင်ငံရဲ့ အချိုးတူတည်ဆောက်ပုံ၊ တည်ဆောက်နည်းအတိုင်းပဲလုပ်ပိုင်ခွင့် ကို၁၀၀ရာခိုင်နှုန်း အပြည့်အဝပေးထားပါတယ်။ ဒီGifferine မြန်မာကိုကျွန်မလိုပဲ အောင်မြင်အောင်ရေရှည်ထိန်းထားနိုင် မယ်လို့ရဲရဲဝံ့ဝံ့ ယုံကြည်ပါတယ်”လို့ သူမက ပြောပြသွားခဲ့ပါတယ်။

 

         

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.