အီတလီစီးရီးအေပွဲစဉ်(၉)အဖြစ် အူဒီးနိစ်နှင့် ရိုးမားအသင်းတို့ကစားခဲ့ကြရာ ဧည့်သည်အသင်းရိုးမားမှာ ပွဲချိန်(၆၆)မိနစ်တွင် ဘရာဇီးလ်နောက်ခံလူ မိုင်ကွန်အား (၂)၀ါ၊ (၁)နီဖြင့် အထုတ်ခံခဲ့ရသဖြင့် (၁၀)ဦးတည်း ဖြင့် လက်ကျန်ပွဲချိန်များကို ကစားခဲ့ရစေကာမူ ခက်ခက်ခဲခဲအနိုင်ယူနိုင်ခဲ့ရာ ထိုပွဲတွင် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သည့် အသင်းခေါင်းဆောင်ဖရန်ဆက်စကိုတော့တီက ချီးကျူးစကားများပြောလာခဲ့သည်။ “ကျွန်တော့အသင်းဖော်တွေကို တကယ်ကိုချီးကျူးပါတယ်ဗျာ။ သူတို့တွေဟာ ရဲစွမ်းသတ္တိ၊ ခွန်အားနဲ့ ကျွမ်းကျင်မှုတွေကို ပြသနိုင်ခဲ့ကြပါတယ်။ အသင်းမှာ ဘယ်သူတွေပဲ ကစားနေကြပါစေ။ ရိုးမားက ရိုးမားပါပဲ ဗျာ။ ဒါ့အပြင် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ရမှာပါ။ အိမ်ကွင်းမှာ ရုံးပွဲမရှိတဲ့ အူဒီးနိစ်လိုအသင်းမျိုးကို အနိုင်ကစားနိုင်အောင် အားပေးခဲ့ကြလို့ပါ။ ခမ်းနားတဲ့ အောင်ပွဲတစ်ပွဲပါ”ဟု တော့တီက ကိုယ်ပိုင်ဝက်ဘ်ဆိုက် တွင် ပြောထားခဲ့သည်။
ရိုးမားမှာ ပွဲစဉ်(၉)အပြီးတွင် (၉)ပွဲစလုံးကို အနိုင်ကစားထားပြီး (၂၇)မှတ်ဖြင့် ဇယားထိပ်တွင်ဦးဆောင်လျက်ရှိ ပြီး သွင်းဂိုး(၂၃)ဂိုး ပေးဂိုး(၁)ဂိုးတည်းပေးထားရသည်။ ရိုးမားအောက် ဒုတိယနေရာတွင် နာပိုလီအသင်းရှိနေ ပြီး ရမှတ် (၂၂)မှတ်ရရှိထားသည်။ အလားတူ လက်ရှိချန်ပီယံဂျူဗင်တပ်စ်အသင်းမှာလည်း ရမှတ်(၂၂)မှတ်ဖြင့် ဂိုးကွာခြားချက်ကြောင့် တတိယနေရာတွင်ရှိနေသည်။