လာပြန်ပြီ နောက် Cyrus တစ်ယောက်

1025-billy-ray-noah-cyrus-pcn-3.jpg

အဆိုတော် Billy Ray Cyrus တစ်ယောက် အသက်မပြည့်သေးတဲ့ သူ့ရဲ့သမီး Noah Cyrus ကိုကားပေးမောင်းပြီး ကာလီဖိုးနီးယား အာဏာပိုင်တွေငြိုငြင်မှုကိုခံရနိုင်တဲ့ စွန့်စားမှုတစ်ခုကိုလုပ်ခဲ့ပါတယ်။

ဟိုတစ်လောက ဖျော်ဖြေမှုခပ်ကြမ်းကြမ်း၊ အဆင်အယင်ခပ်ဆန်းဆန်းတွေလုပ်ပြီး လူဝေဖန်ခံထားရတဲ့ Miley Cyrus ရဲ့ ၁၃နှစ်အရွယ်ရှိညီမငယ်ဟာ အောက်တိုဘာ ၂၄ ရက်နေ့တုန်းက Fiat ၅၀၀ ကားကိုမောင်းနှင်နေပြီး ဘေးကခရီးသည်ခုံမှာတော့ သူ့အဖေ Billy Ray Cyrus ကထိုင်နေတဲ့အနေအထားနဲ့ဓာတ်ပုံ အရိုက်ခံခဲ့ရပါတယ်။ TZM.com ရဲ့အဆိုအရတော့ Achy Breaky Heart သီချင်းနဲ့နာမည်ကြီးခဲ့တဲ့  Billy ကြီးဟာ သူတို့နေထိုင်ရာ Tolcua Lake အရပ်ရဲ့တိတ်ဆိပ်နေတဲ့လမ်းတစ်ခုမှာ သူ့သမီးကိုကားမောင်းစေခဲ့တာလို့ဆိုပါတယ်။

ကာလီဖိုးနီးယားမှာတော့ ယဉ်အမောင်းသင်ခွင့်ပြုမိန့်ရဖို့ အနည်းဆုံး အသက် ၁၅နှစ်ခွဲရှိရမှာဖြစ်ပါတယ်။

(Ref:starpaulse)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.