အသက် ၂၈ နှစ်အရွယ် ၊ ကမ္ဘာ့အဆင့် ၈၉ စနူကာကစားသမား ဂယ်ရီဝီလ်ဆင်ဟာ ဂျာမန် မာစတာ ပြိုင်ပွဲမှာ သူ့ ရဲ့ စနူကာ သက်တမ်းတစ်လျှောက်မှာ ပထမဦးဆုံး ၁၄၇ မှတ် စံချိန်ကို တင်သွားနိုင်ခဲ့ပါပြီ။ 147 break ဆိုတာဟာ ပုံမှန် စနူကာပွဲအတွင်း ရနိုင်တဲ့ အများဆုံးရမှတ်ဖြစ်ပြီး အနီ ၁၅ လုံး အားလုံးကို အနက် ၁၅ လုံးနဲ့  တွဲထိုးနိုင်ရင် အမှတ် ၁၂၀ ရရှိမှာဖြစ်ပြီး ၊ နောက်ထပ် အရောင်အလုံး ခြောက်လုံး လုံးကို ထိုးနိုင်ရင် ၂၇ မှတ် ထပ်ရရှိမှာ ဖြစ်တဲ့အတွက် ၁၄၇ မှတ် အများဆုံး ရရှိနိုင်မှာပါ။ ဒီလို ထိုးနိုင်ဖို့ ဆိုတာ ချန်ပီယံရှစ်ပြိုင်ပွဲ ပရော်ဖက်ရှင်နယ်တွေချည်း ကစားတဲ့ပွဲတွေမှာ မလွယ်ကူပါဘူး။ ဂယ်ရီဝီလ်ဆင်ဟာ အခုလို အများဆုံးရမှတ် ၁၄၇ မှတ် ရရှိအောင် ထိုးနိုင်ခဲ့တဲ့အတွက် ဆုကြေးငွေ ပေါင် ၂၅၀၀ ကို Dechawat Poomjaeng ဆိုတဲ့ ထိုင်းကစားသမားနဲ့ ခွဲဝေရရှိမှာဖြစ်ပါတယ်။ Poomjaeng ကလည်း အရင်နေ့ ကပွဲမှာ အများဆုံး ၁၄၇ မှတ် ရရှိအောင် ထိုးနိုင်ခဲ့တာဖြစ်ပါတယ်။
ပရော်ဖက်ရှင်နယ် စနူကာကစားသမား ဂယ်ရီဟာ သူ ဒီအလုပ်က အနားယူရင် တက်စီဒရိုင်ဘာ လုပ်ပြီး ဘ၀ကို ကုန်ဆုံးသွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။
အများဆုံး ရမှတ် ၁၄၇ ( maximum break 147) ကို ၁၁ ကြိမ်မြောက်စီ စံချိန်တင်ရရှိထားသူတွေကတော့ နာမည်ကျော် Ronnie O’Sullivan နဲ့ Stephen Hendry တို့ ဖြစ်ပါတယ်။
Ref: Wikipedia.com, bbc.co.uk