လှပတဲ့ ရင်သားတွေ ပိုင်ဆိုင်နိုင်ဖို့ဆိုရင်

free-cg-beautiful-girl-wallpaper.jpg
Shares 0

ရင်သားတွေဟာအမျိုးသမီးဖြစ်ရခြင်းရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့အတွက် အမြဲတမ်းလိုလိုအာရုံစိုက်ခံကြရလေ့ ရှိပါတယ်။ ရင်သားတွေကိုဂရုစိုက်ဖို့ ဆိုတာ အတော်လေးအရေးကြီးပါတဲ့အချက်တွေ ဖြစ်တာကြောင့် လှပတဲ့ ရင်သားတွေ ရရှိဖို့ အောက်မှာဖော်ပြထားတဲ့အချက်တွေအတိုင်းနေထိုင် ပြုမူရမှာပါ။ ၁. ဘရာအမြဲဝတ်ပါ။ ဣနြေ္ဒ ပြည့်လှတဲ့ ခန္ဓာကိုယ်အနေအထားနဲ့ အမြဲတန်းနေပါ။ ၂. လှပတဲ့ရင်သားတွေကိုထိန်းသိမ်းချင်တယ်ဆိုရင်တော့ လေးပင်တဲ့အရာတွေသယ်ခြင်းကိုရှောင်ပါ။ ၃. ရေချိုးပြီးတဲ့အခါမှာရေဓါတ်ကြွယ်ဝတဲ့ ခရင်(မ်) နဲ့ ရင်သားတွေကိုလိမ်းပြီး ဖြည်းညင်းစွာဆုပ်နယ်ပေးပါ။ ၄. ရင်သားတစ်သျှူးတွေကို ထိခိုက်စေမယ့် ရေနွေးနဲ့ရေချိုးခြင်းကိုတတ်နိုင်သမျှရှောင်ကြဉ်ပါ။ ၅. ရင်သားပုံကျဖို့ တစ်မိနစ်ခန့် ရေအေးဖြင့် ရေချိုးပါ။ ၆. ရင်အုပ်ကြွက်သားတွေကိုထိန်းသိမ်းဖို့အတွက်ရေကူးပေးပါ။ ၇. ရင်သားတွေကိုဖိညှစ်သလိုဖြစ်စေမယ့် အလွန်ကြပ်ထုပ်တဲ့ အ၀တ်အစားတွေ ၀တ်ဆင်ခြင်းမှရှောင်ကြဉ်ပါ။ ၈. နေရောင်ဒဏ်ကာကွယ်တဲ့ ခရင်(မ်)တွေလိမ်းရတာမကြိုက်ဘူးဆိုရင်တော့ နေရောင်အောက်မှာကြာကြာမနေပါနဲ့။ နေရောင်နဲ့ ကြာကြာထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ ၉.နို့တိုက်ကျွေးနေရတဲ့ မိခင်တစ်ယောက်ဆိုရင်တော့ နို့တိုက်ရလွယ်အောင် ထုတ်လုပ်ထားတဲ့ ဘရာအမျိုးအစား တွေကိုဝတ်ဆင်ပါ။ ၁၀.ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်တော့ ရင်သားတွေကို almond oil ပုံမှန် လိမ်းပြီးဆုပ်နယ်ပေးသင့်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *