ဗန်ပါဆီနှင့် ပြဿနာတတ်နေသည့်သတင်းများကို ဒေးဗစ်မိုရက်စ်အပြတ်ငြင်းဆို

news_a.jpg
Shares 0

ပရီးမီးယားလိဂ်ပွဲစဉ်(၈)အဖြစ် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်တွင် မန်ယူနှင့် ဆောက်သမ်တန်တို့ တစ်ဖက် တစ်ဂိုးစီသရေကျခဲ့သောပွဲအပြီးတွင် မန်ယူနည်းပြဒေးဗစ်မိုရက်စ်နှင့် တိုက်စစ်မှူးဗန်ပါဆီတို့မှာ စကားများ ခဲ့ကြကြောင်း သတင်းများပေါ်ထွက်လာခဲ့ပြီး နောက်ဆက်တွဲအဖြစ် နှစ်ဦးအကြားစိတ်ဝမ်းကွဲမှုစတင်နေ ပြီဟု အကျယ်တ၀င့်ပြောဆိုလာခဲ့ကြသည်။ မီးလောင်ရာလေပင့်ဆိုသလို ယခုရက်ပိုင်းအတွင်း ထွက်ရှိခဲ့သော ယ ခင်မန်ယူနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်၏ ကိုယ်ရေးရာဇ၀င်စာအုပ်ထဲတွင် ဖာဂူဆန်က မိမိအနေဖြင့် ဗန်ပါဆီကို အာဆင်နယ်မှခေါ်ယူခဲ့စဉ်အခါက မန်ယူတွင် နောက်နှစ်အနည်းငယ်အထိ ဆက်ရှိနေမည်ဟုပေး ခဲ့သည့်ဂတိကို မတည်နိုင်ခဲ့သဖြင့် အားနာမိကြောင်းပြောထားသေးသည်။ ထို့အတွက် ဗန်ပါဆီမှာ မိုရက်စ် လက်အောက်တွင် ဆက်မကစားချင်သကဲ့သို့သော အခြေအနေများကို အင်္ဂလန်အ၀ါရောင်မီဒီယာများက ဖွနေဆွနေကြခြင်းပင်ဖြစ်သည်။ သို့သော်လည်း ဒေးဗစ်မိုရက်စ်က လုံးဝမဟုတ်မှကြောင်း အတည်ပြုလာခဲ့ပြီ ဖြစ်သည်။ “  အခုပြောနေကြတာတွေအားလုံးက အခြေအမြစ်မရှိတာတွေလို့ ပြောချင်ပါတယ်။  ဗန်ပါဆီဟာ မန်ယူအတွက် အရမ်းကိုအထောက်အကူပြုနေပါတယ်။ သူနဲ့ပြသနာဖြစ်ဖို့မရှိပါဘူး။ အတူတွဲပြီး အလုပ်လုပ် ရတာကို နှစ်သက်ပါတယ်။ အခုလိုတောင်ဖြေနေဖို့ မလိုအပ်ပါဘူး။ ဆောက်သမ်တန်နဲ့ပွဲမှာ သူဆေးထိုးပြီးမှ ကစားခဲ့ရတာပါ။ သူ့ခြေချောင်းအချို့က အရမ်းနာကျင်နေခဲ့တယ်။ ဒါကြောင့်လည်း သူ့ကိုပြောခဲ့တယ်။ဆောက် သမ်တန်နဲ့ပွဲမှာ ၀င်ကစားမယ်ဆိုရင် ဆိုစိဒက်နဲ့ပွဲကိုတော့ နားရလိမ့်မယ်လို့ပါ။ နားလည်မှုအပြည့်ရှိနေကြတဲ့ အတွက် ဘာပြသနာမှမဖြစ်ပါဘူး”ဟု ဒေးဗစ်မိုရက်စ်က အခြေအနေကို ရှင်းပြခဲ့သည်။

မန်ယူမှာ ယနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်(၉)တွင် အိမ်ကွင်းပွဲစဉ်အဖြစ် စတုတ်စီးတီးအသင်းအား ဧည့်ခံက စားရမည်ဖြစ်သည်။ ဇယားထိပ်ပိုင်းမှ ချဲလ်ဆီးနှင့် မန်စီးတီးတို့ကစားရမည်ဖြစ်ရာ အသင်းငယ်လေးနှင့်သာ ကစားရမည့် မန်ယူအတွက် အမှတ်ကွာဟမှုကို အတိုင်းအတာတစ်ခုအထိ လျော့ချနိုင်ရန် မဖြစ်မနေအနိုင် ကစားရန်လိုအပ်လျက်ရှိသည်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *