အိမ်ထောင်သည်ဇာတ်ရုပ် သရုပ်ဆောင်ရတာ အခက်အခဲ နည်းနည်းရှိတယ်လို့ ဖွင့်ဟလိုက်တဲ့ ကောင်းပြည့်

dsc02660_resize.jpg
Shares 0

နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ သရုပ်ဆောင်ကောင်းပြည့်နဲ့ တွေ့ဆုံခိုက် သူ့ရဲ့အနုပညာလှုပ်ရှားမှုအကြောင်း တီးခေါက်ကြည့်မိတဲ့အခါ သူက ‘အခုရိုက်နေတဲ့ကားလေးက စိတ်ကောက်လေဒီတဲ့။ မင်းသမီးက ခင်ဝင့်ဝါ၊ ဒါရိုက်တာက သားကြီးပါ။ အခုနောက်ပိုင်းတော့ ကာရိုက်တာ ရွေးချယ်မှုနဲ့ပတ်သတ်ပြီး လူငယ်ဆန်တာလေးတွေ ရိုက်ချင်နေတယ်။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိမှာ ရိုက်နေတဲ့ကားတွေက အိမ်ထောင်သည်ဇာတ်ရုပ်တွေ များတယ်။ အဲဒီိအတွက် ဒီအရွယ်မှာတော့ ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်မဲ့ လူငယ်ကာရိုက်တာတွေကိုတော့ အစုံရိုက်ချင်နေပါတယ်’တဲ့။

ကောင်းပြည့်ဟာ အနုပညာနဲ့စီးပွားရေးကို တွဲဖက်လုပ်ကိုင်သူ တစ်ယောက်ဖြစ်နေတာကြောင့် အဲ့ဒီအကြောင်း မေးကြည်ဖြစ်တော့ ‘အခုလောလောဆယ်တော့ အနုပညာကို ပိုပြီးဦးစားပေး လုပ်ဖြစ်တယ်။ ကားတွေပဲ ဆက်တိုက်ရိုက်ဖြစ်တယ်။ တစ်ရက်တောင် မနားရသေးဘူး။ ဇာတ်တွေကျတော့လဲ မကြည်ဖြူရှင်နဲ့ကျတော့ နဲနဲဆန်းတယ်။ ရိုက်မဲ့ဇာတ်တွေကို ညှိနှိုင်းပြီးရိုက်တယ်။ စိန်ဌေးတိုက်ကလဲ ကျွန်တော်နဲ့လိုက်မဲ့ဇာတ်ကို ညှိပြီးရိုက်ပေးတယ်။ ၂ ခုစလုံးကတော့ အဆင်ပြေပါတယ်။ ရှေ့မှာပြောခဲ့သလို အိမ်ထောင်သည် ဇာတ်တွေပဲ ရိုက်ရတယ်ဆိုတာက လူငယ်ကာရိုက်တာ ဇာတ်ရုပ်တွေကို ရှာနေတုန်းပဲ။ ပရိသတ်တွေ အတွက်လဲ အဆန်းဖြစ်အောင် ကျွန်တော်ကိုယ်တိုင်လဲ ပရိသတ်အတွက် တစ်ခုခုကျန်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ဆန်းဆန်းလေးတွေကို ရှာနေတုန်းပါပဲ’လို့ သူကပြောပါတယ်။

အိမ်ထောင်သည် ဇာတ်ရုပ်နဲ့အချစ်ဖန်စီကားလေးတွေရိုက်တဲ့အပေါ် ပရိသတ်တွေရဲ့ ဝေဖန်မှု၊ feedback ဘာတွေ ပြန်ကြားရသလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ဒီအချက်နဲ့ ပတ်သက်ပြီး သူက ‘ကျွန်တော် အခုထွက်တဲ့ကားတွေက အိမ်ထောင်ရေးကားလေးတွေများတယ်။ အချစ်ဖန်စီတွေကတော့ မထွက်သေးဘူး။ ရိုက်ထားတာတွေတော့ရှိတယ်။ အခုလက်ရှိ ရိုက်နေတဲ့ကားလေးဆိုရင်လဲ အချစ်ဖန်စီကားလေးလေ။ အိမ်ထောင်ရေးဇာတ်ကို ရိုက်ဖြစ်တာက ဇာတ်သဘောအရ ဇာတ်လေးကောင်းတာကြောင့် ပေါနော့်။ ဒါပေမဲ့ အိမ်ထောင်ရေးဇာတ်တွေမှာ အခက်အခဲက ကျွန်တော့်ပုံစံနဲ့ကအိမ်ထောင်သည်လို သရုပ်ဆောင်ရတာ အခက်အခဲတော့ နဲနဲရှိပါတယ်’တဲ့။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *