ဈေးအကြီးဆုံး ရုပ်ရှင်ဇာတ်လမ်းတွဲ ၅ကား

2.lord-of-the-rings-cover.jpg
Shares 0

ရင်သတ်ရှုမောဖွယ်ရာ အထူး effects တွေ၊ အာရုံစိုက်လုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ပစ္စည်းတွေ နဲ့ အနုစိပ်လှတဲ့ မိတ်ကပ်ဖန်းတီးမှု အစွမ်းတွေကြောင့် အဆင့်မြင့်ရုပ်ရှင် ဇာတ်ကား အချို့ကို ရိုက်ကူးရာမှာ အတော်ပဲ ငွေကုန်ကြေးကျ များပါတယ်။ အဲ့ဒီ့လို အလွန်အမင်း ငွေကုန်ကြေးကျ ခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတွေထဲက မှ ရုပ်ရှင်ဇာတ်လမ်းတွဲ အကြောင်းတွေကို ပြောပြချင်ပါတယ်။

၁။ Pirates of the Caribbean (ကာရစ်ဘီရမ်န် ကျွန်းစု ပင်လယ်ဓါးပြများ)

Pirates of the Caribbean (At World’s End) ဟာ ရိုက်ကူးခဲ့သမျှ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ငွေကုန်ကြေးကျ အများဆုံး ဇာတ်ကား တစ်ကားဖြစ်တယ်ဆိုတာကို မယုံမရှိပါနဲ့။ ဒီဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ရာမှာ တိုလီမုတ်စ အကုန်အကျတွေ အားလုံးပေါင်းလိုက်ရင် ကန်ဒေါ်လာ သန်း၃၀၀ ရှိပါတယ်။ ကမ္ဘာအနှံ့က ရုပ်ရှင်ရုံတွေမှာ ရခဲ့တဲ့ ရုံပြခတင် သန်းတစ်ထောင် နီးပါးရှိပါတယ်။ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Pirate of the Caribbean (The Curse of the Black Pearl) ဟာ ပေါက်ခဲ့ပြီးတဲ့နောက် ဇာတ်လမ်းထဲမှာ ပါသမျှ သရုပ်ဆောင်တိုင်းကို နောက်ထပ် ဇာတ်လမ်းတွဲ ၂ခု ဆက်တိုက်ဆိုသလို ထပ်ရိုက်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။ Dead Man’s Chest နဲ့ At World’s End တို့ကို ဆက်ရိုက်ခဲ့ပြီး ကန်ဒေါ်လာ သန်း၄၅၀ ကုန်ကျခဲ့ပါတယ်။ ၄ကားတွဲ လုံးပေါင်းလိုက်မယ်ဆိုရင်တော့ ကုန်ကျမှုဟာ ကန်ဒေါ်လာ သန်း၉၀၀ ပမာဏပါ။ ရုံပြခတင် သန်း၎ထောင်နီးပါး ပြန်လည်ရရှိခဲ့ပါတယ်။

၂။ Lord of the Ring (လက်စွပ် အရှင်သခင်)

Lord of the Ring ရုပ်ရှင်ဇာတ်လမ်းတွဲ သုံးခုရိုက်ကူးရာမှာ ကန်ဒေါ်လာ ၂၈၁သန်း ကုန်ကျခဲ့ပါတယ်။ ရုံပြခအနေနဲ့ ပြန်လည်ရရှိခဲ့တဲ့ အကျိုးအမြတ်ကတော့ ကန်ဒေါ်လာ သန်း ၃ထောင် ပါ။ ဆက်တင် ဒီဇိုင်းခ၊ ချပ်ဝတ်တန်ဆာခ၊ လက်နက်ခဲယမ်းခ၊ မိတ်ကပ်ခ၊ သတ္တ၀ါတွေသုံးစွဲခ နဲ့ အသေးသုံး စတဲ့ ကုန်ကျစရိတ်တွေက လည်း မသေးလှပါဘူး။ ၀တ်စုံပေါင်း ၁၉၀၀၀၊ လူပုလေးဝတ်စုံ ၁၈၀၀ နဲ့ ချပ်ဝတ်တန်ဆာပေါင်း ၄၈၀၀၀ သုံးစွဲခဲ့ရပါတယ်။ ပေးဆပ်ခဲ့တာနဲ့ တန်အောင်လည်း ပြန်ရခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ တွေပါပဲ။

၃။ Harry Potter (မှော်ပြဒါးရှင်)

Harry Potter ရုပ်ရှင်ဇာတ်လမ်းတွဲ ၈ခုကို ကန်ဒေါ်လာ သန်း၁ထောင်ကျော် အကုန်အကျခံ ရိုက်ကူးခဲ့ပြီး အကျိုးအမြတ်အနေနဲ့ သန်း ၇၇၀၀ ရရှိခဲ့ပါတယ်။ နောက်ဆုံး ဇာတ်လမ်းတွဲနှစ်ခု ဖြစ်တဲ့ Deathly Hallows ကို ရိုက်ကူးခဲ့ရာမှာ သန်း ၂၅၀ ကုန်ကျခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲနှစ်ခုကို ၂၀၁၀ ခုနှစ်နဲ့ ၂၀၁၁ခုနှစ်တွေမှာ ဖြန့်ချိခဲ့ပြီး ရုံပြခ တင် သန်း၂ထောင်ကျော် ရရှိခဲ့ပါတယ်။ မှော်ပညာဝန်ကြီးဋ္ဌာနကအစ ဘေးလ်နဲ့ ဖလားရ် တို့ရဲ့ မင်္ဂလာဆောင်အဆုံး ရိုက်ကွက်တိုင်းကို အသေးစိတ် ငွေကုန်ကျေးကျခံပြီး ရိုက်ကူးခဲ့တာပါ။

၎။ The Matrix

နောက်ထပ်ငွေကုန်ကုန်ကြေးကအများဆုံး ရုပ်ရှင်ဇာတ်လမ်းတွဲကတော့ The Matrixပါပဲ။ ဇာတ်လမ်းတွဲသုံးခု ပေါင်း ကန်ဒေါ်လာ၃၆၃သန်းကုန်ကျခံရိုက်ကူးခဲ့ပြီး သန်း၁၆၀၀ ၀င်ငွေပြန်ရခဲ့ပါတယ်။ The Matrix Reloaded နဲ့ The Matrix Revolutionsနှစ်ကားထဲနဲ့တင် ၂၃၇သန်းကုန်ကျခဲ့ပါတယ်။

၅။ The Twilight Saga

ပင်လယ်ဓားပြတွေ၊ မှင်စာတွေ၊ မှော်ဆရာတွေ၊ တိုးတက်လာတဲ့ကွန်ပျူတာစနစ်တွေ ပြီးတော့ သွေးစုပ်ဖုတ်ကောင်တွေ။ ဟယ်ရီပေါ်တာလိုပဲ Twilight ဇာတ်လမ်းတွဲတွေရဲ့ နောက်ဆုံးစာအုပ် “Breaking Dawn” ကို ကန်ဒေါ်လာသန်း၂၃၀ကုန်ခံပြီး နှစ်ပိုင်းခွဲရိုက်ပါတယ်။ ရုပ်ပြခတင် ကန်ဒေါ်လာ သန်းတစ်ထောင်ပြန်ရခဲ့ပါတယ်။

ဒီလိုများလှတဲ့ အသုံးစရိတ်ကုန်ပြီး၊ သောက်သောက်လဲ အကျိုးအမြတ်တွေရခဲ့တဲ့ သည်းထိပ်ရင်ဖို သိပ္ပံစိတ်ကူးယဉ်ဇာတ်ကား၊ စိတ်ကူးယဉ်ဇာတ်ကား တွေဟာ ကုန်သင့်တဲ့နေရာမှာအကုန်ခံခဲ့လို့လည်း ကြည့်ရတာတန်ခဲ့တာပါ။

Ref:mensxp

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *