ကားမောင်းနေတုန်း စာရိုက်၊ဖုန်းခေါ်တာတွေကြောင့် ယာဉ်အန္တရာယ် မြင့်တက်

texting-while-driving-psa-hd-video.jpg
Shares 0

 

ကားမောင်းနေတုန်း စာရိုက်၊ဖုန်းခေါ်တာတွေကြောင့် ယာဉ်တိုက်မှု အန္တရာယ် မြင့်တက်နေတယ်လို့ ဆန်းပြားရှုပ်ထွေးလှတဲ့ လက်တွေ့ လေ့လာမှုတစ်ရပ်က အတည်ပြုလိုက်ပါတယ်။ ဒီလို အန္တရာယ်နဲ့ ပတ်သက်လို့ လူငယ်ပိုင်း ယာဉ်မောင်းသူတွေမှာ ပိုအဖြစ်များတယ်လို့ဆိုပါတယ်။ ဒီလေ့လာမှုအရ တွေ့ရတဲ့ အံ့သြစရာအချက်ကတော့ ဖုန်းပြောတာဟာ အန္တရာယ်ရှိတယ်လို့ အတည်မပြုနိုင်တာပါပဲ။ ဒီအချက်ကိုတော့ တခြားလေ့လာမှုတွေမှာလဲ တွေ့ရပါတယ်။ ဖုန်းကိုလက်ကိုင်ပြောတာနဲ့၊ လက်နဲ့မကိုင်ပဲပြောတာ ကြားကခြားနားချက်ကို မတင်ပြထားတဲ့အတွက် ဒါဟာ လေ့လာမှုရဲ့အဓိက အားနည်းချက်တစ်ရပ်ပါပဲ။

ဖုန်းပြောနေတုန်း လမ်းမပေါ်ကနေ အကြည့်လွှဲစရာမလိုတဲ့အတွက် အန္တရာယ်ရှိကြောင်း အတည်မပြုနိုင်တာပါ။ ဒါပေမဲ့ ဖုန်းပြောတော့မယ်ဆိုရင်တော့ ဖုန်းကိုအရင်ဆုံးကြည့်ပြီး ဖုန်းကိုင်တာ၊ ဖုန်းခေါ်တာတို့လုပ်ရမှာပါပဲ။ ဒီလိုဆိုရင်တော့ ယာဉ်အန္တရာယ် မြင့်တက်လာပြီဖြစ်တယ်လို့ သုတေသီတွေက မှတ်ချက်ပေးပါတယ်။

အသက်၁၅နှစ်ကနေ ၂၀အတွင်း အရွယ်ယာဉ်မောင်းတွေဟာ ယာဉ်မောင်းအာလုံးရဲ့ ၆ရာခိုင်နှုန်းသာ ရှိပေမဲ့ ယာဉ်တိုက်မှုကြောင့်သေဆုံးရတဲ့ အရေအတွက်အရ ၁၀ရာခိုင်နှုန်းဖြစ်ပြီး ရဲသတင်းထုတ်ပြန်တဲ့ ဒဏ်ရာရယာဉ်တိုက်မှုတွေအရ ၁၄ရာခိုင်နှုန်းရှိတာကို တွေ့ရပါတယ်။

ဗာဂျီးနီးယား နည်းပညာ ပို့ဆောင်ရေး တက္ကသိုလ်သုတေသီတွေဟာ အသက် ၁၆၊ ၁၇အရွယ် လိုင်စင်သက်တမ်းနု ယာဉ်မောင်း ၄၂ယောက်နဲ့ ယာဉ်မောင်းသက်တမ်း နှစ်၂၀ကျော် အရွယ်ရောက် ၁၀၉ယောက်တို့နဲ့အတူ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့တာပါ။ ဒီလေ့လာမှုသစ်အတွက် ဗီဒီယိုကင်မရာများ တပ်ဆင်ခြင်း၊ ကမ္ဘာ့တည်နေရာပြစနစ် အသုံးပြုခြင်း၊ ယာဉ်ကြော လမ်းကြောင်းပြစနစ် အသုံးပြုခြင်း၊ ယာဉ်ရဲ့အမြန်နှုန်းနဲ့ အရှိန်ကိုတိုင်းဖို့အတွက် စက်ပစ္စည်းတွေ အသုံးပြုခြင်း၊ ကားအတွင်း အာရုံခံကိရိယာတွေ တပ်ဆင်ခြင်း စတာတွေကို ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မောင်းနေတုန်း လက်ကိုင်ဖုန်းအသုံးပြုမှုကို အနည်းဆုံး ပြည်နယ် ၁၂ခုမှာ တားမြစ်ပိတ်ပင်ထားပြီး ယာဉ်မောင်းနေတုန်း စာရိုက်တာကိုတော့ ပြည်နယ် ၄၁ခုမှာ တားမြစ်ပိတ်ပင်ထားပါတယ်။ ယာဉ်မောင်းသစ်နဲ့ ဆယ်ကျော်သက် ယာဉ်မောင်းတွေကိုတော့ ပြည်နယ် ၃၇ခုမှာ ယာဉ်မောင်းနေတုန်း  လက်ကိုင်ဖုန်းအသုံးပြုမှု အားလုံး ပိတ်ထားတယ်လို့ ပြည်နယ်ဥပဒေပြု အမျိုးသားညီလာခံက ပြောထားပါတယ်။

Ref:yahoo!

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *