ကနေဒီယန်အဆိုတော် Celin Dion ရဲ့ ပထမဆုံး အင်္ဂလိပ်ဘာသာသီချင်းခွေ

celine-dion-300.jpg
Shares 0

             လာမယ့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၅ရက်နေ့မှာ ထွက်ရှိမယ့်အခွေကတော့ ကနေဒီယန်အဆိုတော် Celin Dion ရဲ့ Loved Me Back to Life ဆိုတဲ့ အင်္ဂလိပ်ဘာသာနဲ့ သီဆိုထားတဲ့အယ်လ်ဘမ်လေးပါ။

              ဒီအယ်လ်ဘမ်ကိုတော့ Columbia တေးသံသွင်းကနေဖြန့်ချိမှာဖြစ်ပြီး သူမရဲ့ပထမဆုံး ၂၀၀၇ ခုနှစ်ကထွက်ရှိတဲ့ Taking Chances ဆိုတဲ့အယ်လ်ဘမ်ပြီးနောက်ပထမဆုံး အင်္ဂလိပ်ဘာသာနဲ့ သီဆိုထားတဲ့ အယ်လ်ဘမ်ပါ။ ၂၀၁၂ ခုနှစ်၊ ဇွန်လ၊ ၇ရက်နေ့မှာ Dion’s ရဲ့ ၀က်ဘ်ဆိုဒ်ကနေ သူမဟာ အင်္ဂလိပ်ဘာသာနဲ့ပြင်သစ်ဘာသာနှစ်မျိုးစလုံးကိုအသံသွင်းနေပြီးတော့နှစ်ခွေလုံးကို ဒီနှစ်ကုန်ပြီး နောက်ပိုင်းမှာ ထွက်ရှိနိုင်မယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။ ၂၀၁၂ခုနှစ်၊စက်တင်ဘာလ၊ ၂၆ရက်နေ့မှာတော့ အယ်လ်ဘမ်ဟာ ၂၀၁၃လောက်မှ ထွက်နိုင်မယ်လို့ထပ်မံကြေညာခဲ့ပါတယ်။

                အကြောင်းပြ ချက်ကတော့ အယ်လ်ဘမ်မှာ ၁၀၀ ရာနှုန်းပြည့် အဆင်သင့် မဖြစ်သေးတာရယ် ပရိသတ်ကိုလည်း တတ်နိုင်သလောက် အကောင်းဆုံးသာချပြချင်တာရယ် ကြောင့်လို့ဆိုပါတယ်။ ၂၀၁၃ ခုနှစ်၊မတ်လ၊ ၇ရက်နေ့မှာတော့ Dion’s ရဲ့ မန်နေဂျာလည်းဖြစ် ခင်ပွန်းလည်းဖြစ်တဲ့ Rene Angelil အယ်လ်ဘမ်မှာ ယေဘုယျလျာထားတာထက် အပြောင်းအလဲလေးတွေ ရှိနေတာကြောင့် ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပါတယ်။          

                အယ်လ်ဘမ်မှာက သီချင်းအသစ်ခြောက်ပုဒ်နဲ့ သူမရဲ့လက်စ်ဗီးဂတ်ကရှိုးပွဲမှာ သီဆိုထားတဲ့ သီချင်းတွေကိုပါ ကာဗာသီချင်းအဖြစ် ခြောက်ပုဒ်ထည့်သွင်းမယ်လို့ ကနဦး ရည်မှန်းထားခဲ့တာပါ။ Le Journal de Montreal ဂျာနယ်ရဲ့သတင်းထောက်တစ်ဦးဖြစ် Rephel Martin ကသူ့ရဲ့ twitter မှာအောက်တိုဘာ၊ ၂၂ရက်နေ့မှာ တစ်ကမ်္ဘာလုံးကို တရားဝင်ဖြန့်ချိမယ်လို့ ကြေညာခဲ့ပြီး နောက်ဆုံးမှာတော့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၅ရက်နေ့ကို အတည်ပြုခဲ့ပါတယ်။

                 အမေရိကန်အဆိုတော် Ne-Yo သူနဲ့ Dion တို့ဟာ အခုအခွေမှာအတူတွဲပြီး သီဆိုထားကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ ထပ်မံပြီး အသံသွင်းတဲ့အပိုင်းနဲ့ ပတ်သက်ပြီးတော့ စိန်ခေါ်မှုနည်းနည်းတော့ ရှိခဲ့ပြီး သူ့အသံစွမ်းရည်နဲ့ ပတ်သက်လို့မေးခွန်းတချို့ဖြစ်ပေါ်စေခဲ့တယ်လို့ပြောပါတယ်။ သူတို့နှစ်ဦးဟာ သူမရဲ့ ပထမအယ်လ်ဘမ် Taking Chances မှာကတည်းက အတူလုပ်ဆောင်ခဲ့ဖူးပါတယ်။ ခေါင်းစဉ်သီချင်း ဖြစ်တဲ့ Loved Me Back to Life ရဲ့ Singleကိုတော့ စက်တင်ဘာ၊ ၃ရက်နေ့၊ ၂၀၁၃ မှာထွက်မယ်လို့သိရပါတယ်။

(Ref:wikipedia)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *