အလှဆုံးမင်္ဂလာအခမ်းအနားဝတ်စုံ အသွင်အပြင်နဲ့ ကိုရီးယားစုံတွဲများ

102792.jpg
Shares 0

မင်းသား/မင်းသမီးချောတွေ အကြောင်းကို စဉ်းစားကြည့်လိုက်တဲ့အခါမှာ ယေဘုယျဆိုရင်တော့ သူတို့တွေ ဘယ်ကိုပြောင်းရွှေ့သွားတယ်၊ တစ်ဦးနဲ့တစ်ဦးဘယ်လိုတွေ ဒိတ်လုပ်ကြတယ်၊ ပြီးတော့ ဘယ်လိုတွေ လက်ထပ်ဖြစ်သွားကြတယ် စသဖြင့်ပေါ့။ ဒီအထဲကမှ ဓာတ်ပုံတစ်ချို့ကို စစ်ထုတ်ကြည့်မိလိုက်တဲ့အခါမှာတော့ မင်းသားချော Jang Dong Gunနဲ့ သူ့လိုပဲချောမောလှတဲ့ မင်းသမီး Ko So Youngတို့ရဲ့ လက်ထပ်မင်္ဂလာပွဲက ပုံတွေတွေ့မိလိုက်ပါတယ်။ ဒီတော့ မင်္ဂလာပုံလှလှလေးတွေထဲကမှ ဘယ်အတွဲက ကြည့်လို့အကောင်းဆုံးဖြစ်မယ်ဆိုတာ ပရိသတ်ကြီး တစ်ချက်လောက် ဝေဖန်ကြည့်ပါဦး။

Jang Dong Gun ဟာ အားလုံးရဲ့ အသဲစွဲမင်းသားတစ်ယောက်ဖြစ် ဖြစ်ဖူးခဲ့မှာပါ။ “Tae Guk Ki” ဆိုတဲ့ ဇာတ်ကားထဲက သူ့ရဲ့သရုပ်ဆောင်မှုအပိုင်းကို မြင်ပြီးကတည်းက သူဟာ အများကြီးမျှော်လင့်လို့ရတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ ခန့်မှန်းမိကြပါတယ်။ သူ့လိုပဲ အင်အားအပြည့်နဲ့ သရုပ်ဆောင်မှုအပိုင်းပိုင်နိုင်တဲ့ မင်းသမီး Ko So Young နဲ့ “Love Wind Love Song”ဆိုတဲ့ ဇာတ်ကားကို ၁၉၉၉ ခုနှစ်မှာ အတူတွဲပြီး သရုပ်ဆောင်ခဲ့ကြပါတယ်။ အဲ့ဒီဇာတ်ကားပြီးနောက် ၂၀၀၉ ခုနှစ်မှာတော့ သူတို့နှစ်ဦးရဲ့ အချစ်ရေးကို တရားဝင်ကြေညာခဲ့ကြပြီး ၂၀၁၀ ခုနှစ် မေလမှာတော့ တရားဝင်လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ အောက်ကပုံလေးကို တစ်ချက်ကြည့်ပါဦး။

Lee Byung Hun ကတော့ အက်ရှင်မင်းသားအနေနဲ့လူသိများပြီး သူ့ရဲ့ ယောက်ျားပီသတဲ့ ဟန်ပန်တွေကြောင့်နာမည်ကြီးသူတစ်ဦး ဖြစ်ပါတယ်။ သူရဲ့ ဇနီးချော Lee Min Jung ကလည်း သူ့ထက်မလှဘူးထင်ရင်တောင် သူနဲ့တော့တန်းတူလိုက်နိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူတို့အတွဲဟာ ၂၀၀၆ခုနှစ်ကတည်းက ဇာတ်လမ်းတွေရှိခဲ့ကြပေမယ့် များပြားလှတဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ မအားလပ်ဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လကမှ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ အလှထိပ်ခေါင် စုံတွဲတွေထဲ ဒီတစ်တွဲကလဲမပါမဖြစ်ပါပဲ။

ဒရမ်မာအရမ်းပိုင်တဲ့ သရုပ်ဆောင်မင်းသား Kwon Sang Woo ဟာ Miss Korea ဖြစ်သူ Son Tae Young တစ်ယောက် ငိုနေတဲ့အခန်းကို တီဗွီအစီအစဉ်တစ်ခုမှာ တွေ့လိုက်ရတဲ့ အချိန်မှာတော့ သူ့မျက်ဝန်းတွေကို သူမဆီကနေခွာလို့မရတော့ပါဘူးတဲ့။ သူတို့အတွဲကတော့ ၂၀၀၈ခုနှစ်မှာ လက်ထပ်ဖြစ်ခဲ့ကြပြီး အခုဆိုရင် Luke လို့အမည်ရတဲ့ သားလေးတစ်ဦး တောင်ရနေပြီဖြစ်ပါတယ်။ ရှေ့သွားနောက်လိုက်ညီတဲ့ စုံတွဲချောတွေထဲမှာဆိုရင် သူတို့နှစ်ဦးကိုလဲ ချန်ထားလို့မရပါဘူး။

ကိုရီးယားမင်းသမီးတွေထဲမှာ အလှဆုံးနှာခေါင်းနဲ့ အသားအရည်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးကတော့ Han Ga In ပါ။ သူမကတော့ သရုပ်ဆောင် Yeon Jung Hoon နဲ့ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းအစကတော့ “Yellow Handkerchief” ဇာတ်လမ်းတွဲကနေပဲ ဖြစ်ပါတယ်။ ဘာလို့များဒီမိန်းကလေးရဲ့ မျက်နှာက ဒီလောက်တောင် ပြီးပြည့်စုံရတာလဲလို့ တွေးနေမိပါတယ်။ အလှဆုံးစုံတွဲထဲမှာ သူတို့အတွဲလည်း ပါသင့်တယ်နော်။

ကဲ ဩ ပရိသတ်ကြီးကရော ဒီအတွဲလေးတွဲထဲက ဘယ်အတွဲရဲ့ မင်္ဂလာဆောင်ပုံလေးက အလှဆုံး၊ စိတ်ကြည်နူးစရာအကောင်းဆုံးဖြစ်မယ်လို့ထင်လဲ။

Ref:kpopstarz

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *