B.A.P

Shares 0

မြန်မာနိုင်ငံဟာ ကိုရီးယားရုပ်ရှင်သာမက အဆိုရှင်တွေရဲ့ လွှမ်းမိုးခြင်းကိုပါ အတော်လေးခံနေရပြီး သူတို့ရဲ့ ဆံပင်ပုံစံ၊ ၀တ်ပုံစားပုံ ၊ ဟန်ပန်အမူအရာတွေကိုပါ အတုခိုးနေကြပါပြီ။ ကိုရီးယားအဆိုရှင်တွေမှာ တစ်ယောက်ချင်းထက် အဖွဲ့လိုက် တင်ဆက်ပုံတွေ ပိုပြီးခေတ်စားနေပါတယ်။ အခုနောက်တက်လာတဲ့ TS Entertainment ရဲ့ စင်တင်အဖွဲ့တစ်ခု ဖြစ်တဲ့ B.A.P အကြောင်းအနည်းငယ် တင်ပြချင်ပါတယ်။

Shares 0
bap.jpg
Shares 0

ဒီနေ့ မြူးဇစ်လောကဟာ အရင်တုန်းကနဲ့ လုံးဝခြားနားသွားပါပြီ။ အသံကောင်းရုံ၊ အဆိုပိုင်ရုံနဲ့တင် မလုံလောက်တော့ဘဲ ဟန်ပန်အမူအရာ၊ ရုပ်ရည်ပြေပြစ်မှု၊ အကကောင်းမှု စတာတွေပါ လိုအပ်လာပါတယ်။

မြန်မာနိုင်ငံဟာ ကိုရီးယားရုပ်ရှင်သာမက အဆိုရှင်တွေရဲ့ လွှမ်းမိုးခြင်းကိုပါ အတော်လေးခံနေရပြီး သူတို့ရဲ့ ဆံပင်ပုံစံ၊ ၀တ်ပုံစားပုံ ၊ ဟန်ပန်အမူအရာတွေကိုပါ အတုခိုးနေကြပါပြီ။ ကိုရီးယားအဆိုရှင်တွေမှာ တစ်ယောက်ချင်းထက် အဖွဲ့လိုက် တင်ဆက်ပုံတွေ ပိုပြီးခေတ်စားနေပါတယ်။ အခုနောက်တက်လာတဲ့ TS Entertainment ရဲ့ စင်တင်အဖွဲ့တစ်ခု ဖြစ်တဲ့ B.A.P အကြောင်းအနည်းငယ် တင်ပြချင်ပါတယ်။

ဒီအဖွဲ့မှာ Bang Young Guk, Kim Himchan, Jung Daehyun, Yoo Youngjae , Moon Jong Up and Choi Hong a.k.a Zelo စတဲ့ အဖွဲ့ဝင် (၆)ဦးပါဝင်ပါတယ်။ ဒီအဖွဲ့ကို တောင်ကိုရီးယားနိုင်ငံ TS Entertainment ကနေ ၂၀၁၂ ခုနှစ် ကစတင်ဖွဲ့စည်းခဲ့တာပါ။ အဖွဲ့ရဲ့ ပထမဦးဆုံးစတင်လှုပ်ရှားသူ ကတော့ Yong Guk ဖြစ်ပြီး Soul Connection လို့ ခေါ်တဲ့ စင်အောက် ဟစ်ဟော့ပ် အဖွဲ့မှာ ကတည်းက Jepp Blackman ဆိုတဲ့အမည်နဲ့ နာမည်ရနေသူပါ။ TS နဲ့ စာချုပ်ချုပ်ပြီးတဲ့အခါမှာတော့ “Going Crazy” ဆိုတဲ့ သီချင်းမှာ Single အနေနဲ့ စတင်သီဆိုခဲ့ပြီး “I Remember” လို့အမည်ရတဲ့ တရားဝင် Single အယ်လ်ဘမ်ကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၁ရက်နေ့မှာ စတင်ထွက်ရှိခဲ့ပါတယ်။

          နောက်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Himchan ကတော့ MTV အစီအစဉ်တစ်ခုမှာ emcee (စည်းချက်ကိုကျော်ပြီးစာသားရွတ်ဆိုသူ) တစ်ယောက်အနေနဲ့ စတင် လူသိများ ခဲ့ပါတယ်။ ဒီဇင်ဘာ (၂၉)ရက်၊ ၂၀၁၁ ခုနှစ်မှာတော့ B.A.P အမည်နဲ့ တရားဝင်အဖွဲ့တစ်ခုဖြစ်ကြောင်း TSက ပွဲဦးထွက် ကြေငြာခဲ့ပါတယ်။

Ref:kpopstarz

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *