Pharrell Williams နှင့် အင်တာဗျူး

Shares 0

သူ့ရဲ့နာမည်အပြည့်အစုံကတော့ Pharrell Williams ဖြစ်ပြီး Billionaire Boys Club နဲ့ Ice Cream လို့ အမည်ရတဲ့ ဖက်ရှင် တံဆိပ်တွေကို ပါတနာNigoနဲ့အတူ တည်ထောင်သူ ဖြစ်ပါတယ်။ သူရဲ့ကိုယ်ပိုင်စတိုင်နဲ့ပတ်သက်ပြီးလဲ အချိန်အနည်းငယ်ပေးပြီး ဆွေးနွေးဖြစ်ခဲ့ပါသေးတယ်။ အ၀တ်အစားဝတ်ဖို့ ရွေးချယ်ရာမှာ ရာသီဥတုကို ဘာကြောင့် အလေးပေးစဉ်းစားသင့်လဲ ဆိုတာကိုလဲ ရှင်းပြသွားပါတယ်။

Shares 0
pharrell-williams-1.jpg
Shares 0

          အမေရိကန် အဆိုတော်၊ သီချင်းရေးဆရာ ၊ ရက်ပ်အဆိုတော် နဲ့ တေးထုတ်လုပ်သူ တစ်ဖြစ်လဲ ဖက်ရှင်ဒီဇိုင်နာ တစ်ဦးဖြစ်သူ Pharrellနဲ့ ဆုံတုန်းလေး သူ့ရဲ့ အကြိုက် နှစ်သက်ဆုံး ပစ္စည်းတွေ နဲ့ သူ့ရဲ့ ကိုယ်ပိုင်စတိုင်အကြောင်း အချို့ကို မေးမြန်းဖြစ်ခဲ့ပါတယ်။

          သူ့ရဲ့နာမည်အပြည့်အစုံကတော့ Pharrell Williams ဖြစ်ပြီး Billionaire Boys Club နဲ့ Ice Cream လို့ အမည်ရတဲ့ ဖက်ရှင် တံဆိပ်တွေကို ပါတနာNigoနဲ့အတူ တည်ထောင်သူ ဖြစ်ပါတယ်။ သူရဲ့ကိုယ်ပိုင်စတိုင်နဲ့ပတ်သက်ပြီးလဲ အချိန်အနည်းငယ်ပေးပြီး ဆွေးနွေးဖြစ်ခဲ့ပါသေးတယ်။ အ၀တ်အစားဝတ်ဖို့ ရွေးချယ်ရာမှာ ရာသီဥတုကို ဘာကြောင့် အလေးပေးစဉ်းစားသင့်လဲ ဆိုတာကိုလဲ ရှင်းပြသွားပါတယ်။

မေး-              အခုဘာတွေဝတ်ထားတာလဲဆိုတာ ပြောပြလို့ရမလား။

Pharrell –        Lanvin တံဆိပ်ဦးထုပ်ဝိုင်းအပျော့ ၊ Chanel နေကာမျက်မှန်၊ BBC brand အတွင်းခံရှပ်အကျီကို V-shape လည်ပင်းပုံ၊ BBC Boys ဂျင်းဘောင်းဘီဟောင်းကို ရှော့ပင်န်စတိုင် ဖြတ်ထားတာပါ။ ဖိနပ်ကတော့ ကျွန်တော်နဲ့ Timberland ပူးပေါင်း လုပ်ဆောင်မှုဖြစ်တဲ့ အနီပေါ်အနီထပ်ထားတဲ့ ဖိနပ်ပါ။ Comme Des Garcons တံဆိပ် ဂျာကင်၊ Chanel တံဆိပ် ကျောက်စိမ်းပုတီးစေ့ပုံစံ ဆွဲကြိုးနဲ့ Audemars တံဆိပ် နာရီအနက်ပေါ့။

မေး-    အခုဝတ်ထားတဲ့ပုံစံအပေါ် မင်းရဲ့ကိုယ်ပိုင်စတိုင်ကို ဘယ်လိုမျိုး ဖော်ပြနိုင်မလဲ။

Pharrell –        သက်တောင့်သက်သာရှိတယ်။ ဇိမ်ရှိတယ်။ ပြီးတော့ မင်းသိမလားတော့မသိဘူး ရာသီဥတုကို စိတ်ထဲမှာ ထိန်းသိမ်းထားသလိုမျိုးပဲ။ မနက်မိုးလင်းလို့ နိုးလာတဲ့အချိန်မှာ စိတ်ထဲဘယ်လိုခံစားရလဲ ၊ ကိုယ်ဘယ်မှာရောက်နေလဲ ပြီးတော့ အပူချိန်က ဘယ်လိုရှိလဲ စတာတွေပေါ့။ ဒီအချက်သုံးချက်ကို ကိုယ့်ကိုယ်ကို ရိုးရိုးသားသားခံစားပြီး သိနိုင်မယ်ဆိုရင်  သက်တောင့်သက်သာဖြစ်နိုင်မှာ မလွဲမသွေပါပဲ။

မေး-    ဒီလိုဆို မင်းအ၀တ်အစားမ၀တ်ခင်မှာ မင်းရဲ့ဖုန်းထဲက ဒီနေ့အတွက် မိုးလေ၀သသတင်း အချက်အလက် တွေကို အရင်လေ့လာတာလား။

Pharrell –        ငါဒီလိုလုပ်မိလားတောင် ငါမသိဘူး။ ဒါပေမယ့် မိုးရွာတော့မယ်ဆိုရင်တော့ မင်းအသာလေးသိနိုင်ပါတယ်။ ငါရောက်နေတဲ့နေရာကို ငါသိတဲ့အတွက် သွားရမယ့် နေရာနဲ့ ဒီတစ်ပါတ်အတွင်းဘယ်လို အခြေအနေရှိနိုင်တယ်ဆိုတာကိုတော့ အလွယ်လေး သိနိုင်ပါတယ်။

မေး-    ဒီဗီးဂတ်မြို့ (သို့မဟုတ်) ဒီအ၀တ်အစားခင်းကျင်းပွဲမှာတွေ့ရတဲ့ လူတွေရဲ့ ၀တ်ဆင်ပုံကို ဘယ်လိုသဘောရလဲ ။

Pharrell –        အမူအကျင့်တွေ နှစ်ပိုင်းကွဲနေတယ်လို့ထင်တယ်ဗျ။ အခမ်းအနား တစ်ခုကြည့်လိုက်ရင် သာမန်ခြားနားပါတယ်ဆိုတာမျိုးထက်ပိုတဲ့ အရာတစ်ခု လူတွေကြား ထဲမှာရှိတယ်။ တကယ်ကိုသိသိသာသာ ခြားနားနေတာ ဘာလဲဆိုတော့ အ၀တ်အစားကို ဦးစားပေးတယ်ဗျ။ ဒီတော့ မြင်ရတာ နည်းနည်းပိုပြီး ဆန်းသလိုမျိုး ပလုံစီထနေတယ် ဆိုပါတော့ဗျာ။ မင်းတစ်ခု မြင်လိုက်တာနဲ့ ““အိုး – ဒါဘာကြီးလဲ”” ဆိုပြီးမေးရမလောက် Vegasဟာ သူ့ဆီမှာသာ တည်ရှိတဲ့ကိုယ်ပိုင် အရာမျိုးနဲ့ဗျ။ သူ့မှာ သူ့ကိုယ်ပိုင် စတိုင် ရှိထားပြီး သားဆိုတာမျိုးပေါ့။

မေး-    Spring’ 14 Collection ထဲက မင်းအကြိုက်ဆုံး အရာဆိုရင် ဘာဖြစ်မလဲ။

Pharrell – အရောင်စုံအကွက် သက္ကလပ်သားတစ်ထည်နဲ့ ရောင်ပြေး အကျီပါးတစ်ထည်ကို ရွေးချယ်ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးကတော့ ငါ့အကြိုက်တွေ ချည်းပါပဲ။ ဆိုလိုတာက အားလုံးက လုံးဝအလန်းတွေချည်းပဲ ။ Vegas ကနေ မပြန်ခင် ရသမျှအကုန် မသွားချင်တာပါပဲ။

 

Ref:complexstyle

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *