မွန်းချယ်ရီ

Shares 0

မွန်းချယ်ရီ ဇာတ်ကားလေးဟာ ချစ်ခြင်းမေတ္တာဖွဲ့ ပညာပေးဇာတ်လမ်း အမျိုးအစားဖြစ်ပြီး လောကမှာ တစ်ဦးအပေါ်တစ်ဦး အာဃာတ အမုန်းတရားတွေမထားရှိဘဲ လူအချင်းချင်း ရိုင်းပင်းကူညီကြစေဖို့ ရည်ရွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ မူပိုင်နှင်းဆီရဲ့ဝတ္ထုကို မင်းညီ (ရင်နှင့်ရင်း၍ရေးသည်) က ဇာတ်ညွှန်းရေးသားထားပါတယ်။  ဒါရိုက်တာနေပိုင်ရဲ့ ဖန်တီးမှုလက်ရာတွေကို ခံစားကြည်ရှုကြရမယ့် ဒီဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ မြင့်မြတ်၊ န၀ရတ်တို့ပဲ ဖြစ်ပါတယ်။ ငွေလမင်း ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိပေးသွားမှာပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *