All Shall Perish ကအဆိုတော် Eddie Hermida ကိုအဆိုတော်အသစ်အဖြစ် Suicide Silence ကြေငြာ

Shares 0

မကြာသေးမီက ကွယ်လွန်ခဲ့တဲ့ အဆိုတော် Mitch Luckerရဲ့ နေရာမှာ All Shall Perish ၀ိုင်းက အဆိုတော် Eddie Hermida ၀င်လာမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက်မှာ Suicide Silence က အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

Shares 0
suicide_slience.jpg
Shares 0

Suicide Silence ကတော့သူတို့ရဲ့အဆိုတော်အသစ်ကိုကြေညာလိုက်ပါပြီ။ Suicide Silenceရဲ့ မကြာသေးမီက ကွယ်လွန်ခဲ့တဲ့ အဆိုတော် Mitch Luckerရဲ့ နေရာမှာ All Shall Perish ၀ိုင်းကအဆိုတော် Eddie Hermida ၀င်လာမယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက်မှာ Suicide Silence က အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာတ ၁ရက်နေ့က မော်တော်ဆိုင်ကယ် တိုက်မှုနဲ့သေဆုံးခဲ့တဲ့ Mitch Lucker အတွက် ကျန်ဝိုင်းသားတွေစိတ်ထိခိုက်နာကျင်နေခဲ့တာ တစ်နှစ်နီးပါးရှိပါပြီ။ Luckerဟာ မနှစ်က ဟောလိုးဝင်းပွဲအတွင်း အရက်သောက်ထားပြီးသူ့ဇနီးကတားခဲ့ပေမယ့် မော်တော်ဆိုင်ကယ်ကို စီးနင်းခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အဲဒီ့ Hermosa ကမ်းခြေမှာ ဆိုင်ကယ်မတော်တဆဖြစ်ပြီးသေဆုံးခဲ့ပါတယ်။

Lucker ရဲ့အသုဘအပြီး အမည်မသိအဆိုတော်အသစ်တစ်ယောက်နဲ့သွင်းခဲ့တဲ့ “You Only Live Once” သီချင်းကိုမဖြန့်ချီခင်အထိ Sucide Silenceဟာ တစ်နှစ်လုံးနီးပါးတိတ်ဆိတ် ငြိမ်သက်နေခဲ့ပါတယ်။ အောက်တိုဘာ ၄ရက်မှာတော့ သူတို့ရဲ့အဆိုတော်သစ်ဟာ Eddie Hermida ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

“Eddie Hermidaရဲ့ အဖွဲ့ထဲပါဝင်လာမှုကို Suicide Silence က ၀မ်းမြောက်စွာကြေညာပါတယ်။ ခင်ဗျားတို့ထဲက တော်တော်များများက All Shall Perish ၀ိုင်းက သူ့ရဲ့ဖန်တီးမှုတွေနဲ့ ရင်းနှီးပြီးသားလဲဖြစ်ရင်ဖြစ်မှာပါ။ ကျွန်တော်တို့နဲ့ Eddie ပါတ်သတ်မှုကတော့ ၂၀၀၆ခုနှစ် ပထမဆုံး USမှာ ကျွန်တော်တို့ရဲ့နာမည်နဲ့စတဲ့ Spreading Disease နယ်လှည့်ဖျော်ဖြေပွဲမှာစတင်ခဲ့တာဖြစ်ပါတယ်။ Mitch နဲ့ Eddie တို့ဟာ ကာလရှည်ကြာ ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းတွေဖြစ်ပြီး ကျွန်တော်တို့ဝိုင်းသာ ဆက်လုပ်ဖြစ်မယ်ဆိုရင် ဒီအဆိုတော်ဟာ Mitchနဲ့ ပုဂ်္ဂိုလ်ရေးအရ ရင်းနှီးသူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းတစ်ယောက်အနေနဲ့ရော အနုပညာရှင်တစ်ယောက်အနေနဲ့ပါ Mitch လေးစားတဲ့သူတစ်ယောက် ဖြစ်သင့်တယ်လို့ ကျွန်တော်တို့တွေးမိကြတယ်။ ဒီကာလကြာရှည်တဲ့ဆက်ဆံရေးကြောင့်ရော သူ့ရဲ့ဒီဝိုင်းနဲ့အသင့်တော်ဆုံးဖြစ်စေမယ့်  ကိုယ်ရည်ကိုယ်သွေးတွေနဲ့ စွမ်းအားပြည့် အဆိုပိုင်းဆိုင်ရာအရည်အချင်းတွေ စတဲ့အရာတွေကြောင့်ပါ နိငန ကို ကျွန်တော်တို့ရဲ့ ရှေ့ထွက်လူအဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ Mitch ဆန္ဒအတိုင်းပဲ ဖြစ်ပါလိမ့်မယ်လို့ နားလည်ပေးပြီး ဒီဆုံးဖြတ်ချက်ကို အမြင်ကျယ်ကျယ်နဲ့ လက်ခံပေးနိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။

သူ (Mitch)ဟာ သူ့ရဲ့ညီနောင်တွေကို တစ်ပေါင်းတစ်စည်းထဲ ရှိနေစေချင်မှာဖြစ်ပြီး သူကူညီပြီးဖန်တီးထားတဲ့ အရာတွေနဲ့ ရှေ့ကိုဆက်နိုင်ဖို့ သူဆန္ဒရှိမှာပါ။

ကျွန်တော်တို့စတိတ်စင်ပေါ်တက်တဲ့အခါတိုင်း ဒါဟာသူ့အပေါ်လေးစားမှုနဲ့ အတိတ်ကဖန်တီးခဲ့တဲ့ အရာတွေကြောင့်ရတဲ့ သူ့ရဲ့အောင်မြင်မှုပဲဖြစ်စေရပါမယ်။ Suicide Silence ရှေ့ဆက်သွားမှာပဲဖြစ်ပါတယ်။

(Ref:loudwire)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *