Kanye west တစ်ယောက် Yeezus က My Name Is My Name ထက်ကောင်းတယ်လို့ထင်နေတယ်လို့ပြောတဲ့ Pusha T

pusha_t_1.jpg
Shares 0

Pusha T ကသူ့နဲ့ Lil Wayne ကြားက မပြေလည်မှုတွေအတွက် social mediaတွေကို အပြစ်တင်လိုက်ပါတယ်။ Pusha T ဟာ သူ့ရဲ့albumအသစ် My Name Is My Nameကို အောက်တိုဘာ၈ရက်မှာ ဖြန့်ချိခဲ့ပြီး Kanye Westက သူ့ကို “radio records” တွေကနေ ရှောင်ရှားဖို့ပြောခဲ့တယ်လို့ မကြာသေးမီကဆိုပါတယ်။

ခင်ဗျားကို စတူဒီယိုထဲမှာ ဒီလိုစကားလုံးအသုံးအနှုန်းမျိုးပြောဖို့ ခွင့်မပြူဘူးလို့ New York radioရဲ့ အစီအစဉ်တစ်ခုမှာပြောပါတယ်။ လာသမျှလူတိုင်းကို (စတူဒီယိုထဲ)ကျွန်တော်တို့ဝင်ခွင့်ပေးပြီး ကျွန်တော်တို့လုပ်နေတဲ့ သီချင်းကိုနားထောင်ခွင့်ပြုပါတယ်။ Yeezus နဲ့ My Name Is My Name အကြောင်းကိုပြောတာပါ။ ကျွန်တော်တို့က “radio records” တွေကို လုံးဝဆန့်ကျင်ပါတယ်။ ကျွန်တော်တို့လုပ်ချင်တာကိုသာလုပ်ခဲ့ကြတာပါ။

Kenye West ကသူ့ကို Yeezus က My Name Is My Nameထက် ပိုကောင်းတယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

“သူကျွန်တော့်ကိုတကယ်ပြောခဲ့တာပါ။ ကျွန်တော်ထင်တာတော့ ကျွန်တော့် album ကပိုကောင်းတယ်”

အဲဒီ့ အင်တာဗျူးမှာ Pusha Tက Lil Wayneနဲ့ကြားက မပြေလည်မှုတွေကို ငြင်းဆိုသွားပြီး ဒါဟာ social media တွေရဲ့ အကျိုးဆက်လို့ပြောသွားပါတယ်။

ကျွန်တော်ဒီကိစ္စမှာ social media တွေကိုပဲအပြစ်တင်ရမှာဖြစ်ပါတယ်။ အဲဒါ ဒီ social media အပါအ၀င် ဘလော့ခ်တွေမှာ comment ပေးတဲ့လူတွေကြောင့်လို့ ထင်ပါတယ်။ သူကလမ်းကြောင်းပြောင်းသွားပြီလို့ လူတွေပြောကြတယ်။ New Orleans ပုံစံကနေ East Coast Swag စတိုင်လ် ပြောင်းသွားတယ်ပေါ့။ တကယ်တော့ ကျွန်တော်အဲဒီလိုဘယ်တော့မှမပြောခဲ့ပါဘူး။ တစ်ချို့လူတွေက ကိစ္စရပ်တွေကို တုန့်ပြန်တဲ့ပုံ ကွဲပြားကြတယ်။

ဒီအင်တာဗျုးမှာ Pusha T က Kelly Rowland ရဲ့ Instagramမှာ တင်ထားတဲ့ သူနဲ့ Pusha T တို့တွဲရိုက်ထားတဲ့ ဓာတ်ပုံအောက်မှာ “I Love You baby! #streetlife@kingpush” ဆိုတဲ့ စာတန်းကြောင့် ဖြစ်ပေါ်လာတဲ့ ကောလဟာလာတွေကို ငြင်းဆန်လိုက်ပါတယ်။

ဟေ့လူဒါကဒီလိုမဟုတ်ဘူးလေဗျာ။ ဒီကိစ္စကတော်တော်ဆိုးပါတယ်။ မဟုတ်ရပါဘူး။ ကျွန်တော်တို့ အသံအတူတူသွင်းတာပဲရှိတာ။ တစ်ခုလောက်ပြောပါရစေ။ ကျွန်တော်တို့အသံအတူတူသွင်းခဲ့တယ်။ ဟုတ်တယ်မှတ်လား။ ရယ်စရာကောင်းတာတစ်ခုကတော့ အဲဒီ့နေ့ကကျွန်တော် Atlantaမှာ အထီးကျန်အဖေါ်မဲ့နေခဲ့တယ်။ အဲဒီ့မှာရှိနေမယ်လို့တောင်ထင်မထားဘဲရောက်နေမိတာ။ အဲဒီတော့ ကျွန်တော် ပါတီကိုသွားတော့တာပေါ့။ သူ့ကိုတွေ့တော့ “ဟေ့ ငါအဲဒီ့ကိုသွားမယ်လို့ပြောလိုက်တယ်။ ဒီကိစ္စက ဘာမှမဟုတ်ပါဘူး။”

Pusha Tဟာ Gameကို Hip Hop လောကရဲ့ အခြေအနေအချိန်အခါလိုက် အရောင်ပြောင်းတတ်သူလို့ ဆိုပါတယ်။ Gameမှာ စတိုင်လ်အမျိုးမျိုးရှိပါတယ်။ ကျွန်တော်တို့တစ်ခါအသံအတူတူသွင်းဖူးပါတယ်။ အဲဒီ့ recordရဲ့ စိတ်ဝင်စားစရာ အဖြစ်အပျက်လေးတွေက ကျွန်တော်နဲ့ကျွန်တော့်အစ်ကို No Malice တို့ရည်ရွယ်ရဲ့သားနဲ့ မလုပ်ဖြစ်ခဲ့တာတွေကို အမှတ်ရစေပါတယ်။ ကျွန်တော်ချီးကျူးတဲ့အနေနဲ့ပြောတာပါ။

Game ရဲ့ Jesus Piece ဆိုတဲ့ Project ထဲကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ “Name Me King” ဆိုတဲ့သီချင်းကို Game နဲ့ Pusha T တို့ အတူတွဲထုတ်ဖြစ်ခဲ့ကြပါတယ်။

 

(Ref:hiphopdx)

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *