ဆေးသမား၊ သူတောင်းစားတွေဖြစ်ခဲ့ဖူးတဲ့ The Usedနဲ့ သူတို့ရဲ့သီချင်းတွေအကြောင်း

4832_133225840040_6116696_n.jpg
Shares 0

The Usedဟာ အမေရိကန်၊ ယူတာပြည်နယ် အော်ရန်းမြို့က ရော့ခ်ဝိုင်းတစ်ဝိုင်းပါ။ ၀ိုင်းသားတွေကတော့ Branden Steineckert, Quinn Allman နဲ့ Jeph Howardတို့ပါ။၂၀၀၁ခုနှစ်မှာ စဖွဲ့စည်းခဲ့ပြီး Reprise Recordsနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ ပွဲဦးထွက် အယ်လ်ဘမ် “The Use”ထွက်ခဲ့တဲ့ ၂၀၀၂ခုနှစ်၊ ဇွန်လမှာစပြီး ဂုဏ်သတင်းမွှေးခဲ့ပါတယ်။ ၂၀၀၄ခုနှစ်၊ စက်တင်ဘာလမှာ ဒုတိယမြောက်အယ်လ်ဘမ် “In Love and Death”နဲ့ ၂၀၀၇ခုနှစ်၊မေလမှာ တတိယမြောက်အယ်လ်ဘမ်“Lies for the Liars” ကိုဆက်ထုတ်ခဲ့ပြီး ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလမှာ B-sidesဖြစ်တဲ့ “Shallow Believer” (EP)ကိုဆက်ထုတ်ခဲ့ပါတယ်။ စတုတ္ထမြောက်အယ်လ်ဘမ် “Artwork”အတွက် ၂၀၀၈ခုနှစ်တစ်နှစ်လုံး အချိန်ပေးခဲ့ပြီး ၂၀၀၉ခုနှစ် သြဂုတ်လ ၃၁ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။ ၂၀၁၂ခုနှစ်၊ မတ်လမှာတော့ ပဉ္စမမြောက်အယ်လ်ဘမ် “Vulnerable” ကို Hopeless Recordsကနေ ထုတ်ခဲ့ပါတယ်။ နိုင်ငံကြီး၆နိုင်ငံကနေ ရွှေစင်ရုပ်၊ ပလက်တီနမ်ရုပ် ဆုတွေရခဲ့တာကလည်း  The Used ရော့ခ်ဝိုင်းပါပဲ။ ၂၀၀၈ခုနှစ်မှာ ကမ္ဘာအနှံ့ အယ်လ်ဘမ်ချပ်ရေ ၃သန်းကျော် ရောင်းထွက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဝိုင်းကိုစဖွဲ့ခဲ့တဲ့ ၃ယောက်ဟာ သံစဉ်ပိုင်း၊ အတီးပိုင်းတွေ ရှိနှင့်ပြီးဖြစ်ပေမဲ့ သီချင်းစာသားမရှိ၊ အဆိုတော်မရှိဖြစ်နေခဲ့တယ်။ Howardရဲ့ အိမ်ရာမှာ အစမ်းဆိုပွဲလုပ်ပြီး အဆိုတော်တွေရွေးခဲ့ပေမဲ့ တစ်ယောက်မှ အကြိုက်မတွေ့ခဲ့ဘူး။ ဆိုးလိုက်တဲ့ပွဲလို့တောင် ပြောခဲ့သေးတယ်။ Allmanက Bert McCrackenကို ၀ိုင်းထဲဝင်ဖို့စိတ်ပါလားမေးခဲ့တယ်။ The Used၀ိုင်းဖန်တီးထားတဲ့ သီချင်းတွေကို McCrackenကလည်း အထင်ကြီးလေးစားသွားခဲ့တယ်။ နောက်ပိုင်းမှာ McCrackenက သီချင်းစာသားတွေရေးပေးပြီး demo versionအနေနဲ့ အသံသွင်းခဲ့တယ်။ McCrackenကို The Usedရဲ့ တရားဝင် အဆိုတော်အဖြစ်အတည်ပြုခဲ့တယ်။ ၀ိုင်းမဖွဲ့ခင်တုန်းက ၀ိုင်းသားတွေဟာ ဆင်းရဲချို့တဲ့မှု၊ အိမ်ရာမဲ့မှု၊ မူးယစ်ဆေးအလွန်အကျွံသုံးစွဲမှု၊ တောင်းစားရမှု စတာတွေကြုံခဲ့ရပါတယ်။ ဒါကြောင့်လည်း သူငယ်ချင်းတွေတိုင်ပင်ပြီး “Used” ဆိုပြီး ၀ိုင်းနံမည်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

 

 

The Usedရဲ့ ဂီတပုံစံကိုတော့ ရော့ခ်ပုံစံခွဲအောက်မှာပဲရှိတယ်လို့ သတ်မှတ်လို့ရပါတယ်။ သူတို့ရဲ့ဂီတပုံစံတွေဟာ emo, scream, post-hardcore, alternative rock, pop-punk, punk rock, hard rock, heavy metal, metalcore ဆိုပြီး အမျိုးမျိုးတံဆိပ်ကပ်ခံရတယ်။

“ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ emo, scream စသဖြင့်မသတ်မှတ်ဘူး။ အဲ့ဒီ့လို ဂီတပုံစံတွေလဲ တစ်ခါမျှ မလုပ်ဖူးဘူး။ ကျွန်တော်တို့ဟာ ရော့ခ်ဝိုင်းတစ်ခုပဲ။ ရော့ခ်ဂီတကိုပဲ ဖန်တီးတယ်။” လို့ The Usedရဲ့ ဘေ့စ်ဂီတာသမား Jeph Howardကပြောခဲ့ဖူးတယ်။

McCracken ကတော့ သူတို့ရဲ့ဂီတအမျိုးအစားဟာ gross popပါလို့ဖော်ပြတယ်။ “တော်တော်လေးကြမ်းတယ်ဗျာ့။ သီချင်းတော်တော်များများက ကဗျာဆန်တယ်၊ ခံစားချက်ပြည့်တယ်။”လို့ Allmanကပြောခဲ့တယ်။ ပဉ္စမမြောက်အယ်လ်ဘမ်ဖြစ်တဲ့ Vulnerableနဲ့ပတ်သက်ပြီး MacCrackenပြောဖူးတာက “သီချင်းတော်တော်များများဟာ Hip Hopလွှမ်းမိုးမှုရှိတယ်။ beats, drum နဲ့ ဘေ့စ်လိုင်းတွေက Hip Hopပုံစံမျိုးတွေ။ နူးနူးညံ့ညံ့သွားတာတွေရှိသလို၊ အကြမ်းကြီးတွေလဲရှိတယ်။ Tempoတွေကအစ အရမ်းနှေးတာကအစ သိပ်မြန်တာတွေအထိရှိတယ်။”

ဒရမ်သမား Branden Steineckert နေရာမှာ ၂၀၀၇ခုနှစ်ကစပြီး Dan Whitesidesက ၀င်ရောက်တီးခတ်ခဲ့တယ်။

 

 

ခြောက်ခွေမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်တဲ့ The Ocean of the Sky (EP) မှာပါတဲ့သီချင်းတွေကတော့

၁။ Iddy Biddy

၂။ Quixotica

၃။ Thougt Criminal

၎။ The Ocean of the Sky

၅။ Tethys တို့ပါပဲ။

ခုထိနာမည်ကြီးနေသေးတဲ့  The Usedရဲ့ သီချင်းကောင်းလေးတွေကတော့ 801 Underground, Alone This Holiday, Burning Down The House, Into My Web, It Could Be A Good Excuse, Just A Little, Sick Hearts, Sun Comes Up, Under Pressure, Zero Mechanismတို့ပါပဲ။

Ref:wikipedia

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *