ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌရာထူးအတွက် ရွေးကောက်ပွဲထပ်ဝင်ဦးမည့် ဆပ်ဘလတ္တာ

news_c1.jpg
Shares 0

လက်ရှိကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဌတာဝန်ထမ်းဆောင်လျက်ရှိသော ဆပ်ဘလတ္တာက မိမိအနေဖြင့် လက်ရှိဥက္ကဌသက်တမ်းကုန်ဆုံးမည့် ၂၀၁၅ခုနှစ်ရောက်လျှင် ထပ်မံရွေးချယ်ခံသွားဖွယ်ရှိကြောင်း အရိပ်အမြွက် စကားများပြောလာခဲ့ပြီဖြစ်သည်။ ဆပ်ဘလတ္တာမှာ ဖီဖာဥက္ကဌအဖြစ် ၁၉၉၈ခုနှစ်၊ ဇွန်လ(၈)ရက်နေ့က ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရပြီး ၂၀၀၂ခုနှစ်၊ ၂၀၀၇ခုနှစ်နှင့် ၂၀၁၁ခုနှစ်များတွင် ထပ်မံရွေးချယ်ခံခဲ့ရသည်။ မကြာသေးခင်ကမူ ဆပ်ဘလတ္တာ က မိမိအတွက် ၂၀၁၅ပြီးလျှင် ဆက်လက်ရွေးချယ်ခံတော့မည်မဟုတ်ဟု ပြောခဲ့ဖူးသော်လည်း ယခုစိတ်ပြောင်းသွားခဲ့ခြင်းဖြစ်သည်။

“အခုဆိုရင် ဖီဖာမှာရှိနေခဲ့တာ (၃၈)နှစ်တောင်ရှိခဲ့ပါပြီ။ ကျွန်တော့မှာ ရည်မှန်းချက်ရှိတယ်။ အဲဒီရည်မှန်းချက်ကိုလည်း ပြီးပြည့်စုံအောင် အကောင်အထည်ဖော်ချင်ပါတယ်။ ဥက္ကဌရုံးခန်းထဲမှာ ဆက်ထိုင်ဖို့ အတွက် ငယ်ရွယ်သေးတယ်လို့ယူဆမိသလို အောင်မြင်မှုတွေလည်း ယူနိုင်မယ်ထင်ပါတယ်။ လူတစ်ယောက် မှာ ရည်မှန်းချက်ဆိုတာရှိနေခဲ့ရင် အဲဒီလူနုပျိုနေတတ်တယ်။ အခုကျွန်တော့်မှာ ရည်မှန်းချက်ရှိနေပါတယ်”ဟု ဆပ်ဘလတ္တာက ပြောခဲ့သည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *