Sevyn Streeter ရဲ့ သီချင်းရေးသားနိုင်မှုစွမ်းရည်

Shares 0

ဘာကြောင့်လဲဆိုတော့ကျွန်မစတူဒီယိုကိုသွားလိုက်တယ်။ ပြီးတော့ beats တွေကို ယူကြည့်တယ်။ ပြီးတော့ ရေးကြည့်တယ်။ တကယ်လို့ ကျွန်မကတစ်ဦး တစ်ယောက်အတွက် သီးသန့်ရေးပေးတယ် ဆိုရင်တော့ သူအရင် ကဆိုလေ့ရှိတဲ့ သီချင်းတွေကို အလေးအနက် ထည့် စဉ်းစားရပါတယ်။ သူတို့နဲ့ စကား စမြည်ပြောကြည့်ပါတယ်။ သီချင်း ဆိုတာလုံးဝ စိတ်ခံစားမှုပါပဲ။ ကိုယ်ရေးတဲ့ သီချင်းနဲ့ ပတ်သက် ဆက်နွယ်မှုတော့ ရှိထားရပါလိမ့်မယ်။
တကယ်လို့ ကျွန်မအတွက် ကျွန်မရေးတယ် ဆိုရင်တော့ ကျွန်မလုပ်လေ့ ရှိတဲ့အကြောင်း လေးတွေပဲဖြစ်လို့ အပိုတွေ သိပ်ပြီး စဉ်းစားစရာ မလိုဘူးပေါ့။ ပြီးတော့ ကျွန်မကိုယ် ကျွန်မတခြား အနုပညာရှင် တစ်ဦးအဖြစ်မြင်ကြည့်လိုက်တယ်။ ခေါင်းထဲမှာ လက်ခံသွားပြီဆို အဲဒါအိုကေပါပြီ။ တကယ်လို့သာ ကျွန်မဟာ Janet ဆိုရင် ဒီသီချင်း ကိုဘယ်လိုဆိုမလဲ။

Shares 0
how-to-book-sevyn-streeter.jpg
Shares 0

Sevyn Streeter ဆိုတာရင်းနှီးကျွမ်းဝင်တဲ့နာမည်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ပေါ့ပ်သီချင်းဇယားရဲ့ထိပ်ဆုံးရောက်ံငအဖြစ်တဲ့သီချင်းရေးသူနာမည်တွေကိုလေ့လာကြည့်ရင်တော့အများအားဖြင့်သူမကိုတွေ့ရမှာပါ။ အသက်၂၇နှစ် ရှိပြီဖြစ်တဲ့သီချင်းရေး ဆရာ၊ အဆိုတော်ဖြစ်တဲ့ Sevyn Streeter ရဲ့တေးရေးလက်ရာတွေအထဲကမှAriana Grande (The Way’), ‘Alicia Keys (‘New Day’), Kelly Rowland (‘Keep it Between Us’) , Chris Brown (‘Yeah 3x’) တို့ဟာ ထိပ်ဆုံးရောက်နာမည်ကြီးသီချင်းတွေဖြစ်ပါတယ်။ 

အရင်က RichGirl (အမေရိကန် R&B) အဖွဲ့ဝင်တစ်ဦးဖြစ်သူ သူမဟာ အဲဒီအဖွဲ့ထဲမှာတော Se7ev လို့ခေါ်ပါတယ်။ပါရမီထူးတဲ့သူတစ်ယောက်ဖြစ်ပြီး old-school R&B အတွက်အမျိုးမျိုးသောလုပ်ဆောင်ချက်တွေမှာ ပါဝင်ခဲ့ပါတယ်။ သူမဟာ သုံးမျိုးရ အနုပညာရှင်တစ်ဦးလို့တောင် ပြောလို့ရပါတယ်။ဟုတ်ပါတယ်။ သူမဟာ အကမှာလည်း လူအများ ငေးရလောက်အောင်ထူးချွန်ပါတယ်။ 

မေး-သီချင်းရေးတဲအခါဘယ်အရာတွေကို ဈာန်ဝင်လဲ။

Sevyn Streeter-ဘ၀ထဲကပေါ့။ ကျွန်မကြုံခဲ့ရတဲ့အရာလေးတွေပါပဲ။ ကိုယ့်ကောင်မလေးနဲ့ စကားပြောနေတဲ့အကြောင်းလေးတွေ (ဒါမှမဟုတ်) ဇာတ်ကားကောင်းလေး တစ်ကားထဲကပေါ့။ လူတွေကကျွန်မကိုကောင်းတဲ့အကြောင်းရောဆိုးတဲ့အကြောင်းပါ ရေးစေချင်ကြတယ်။ 

မေး-သီချင်းရေးတဲ့အခါအဆိုတော်ကိုစိတ်ထဲထည့်ထားလေ့ရှိလား။

Sevyn Streeter– အဲဒါကတော့ကျွန်မဘယ်သူ့အတွက် ရေးပေးနေတာလဲဆိုတာနဲ့ဆိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ကျွန်မစတူဒီယိုကိုသွားလိုက်တယ်။ ပြီးတော့ beats တွေကို ယူကြည့်တယ်။ ပြီးတော့ရေးကြည့်တယ်။ တကယ်လို့ ကျွန်မကတစ်ဦးတစ်ယောက်အတွက် သီးသန့်ရေးပေးတယ်ဆိုရင်တော့ သူအရင်ကဆိုလေ့ရှိတဲ့သီချင်းတွေကို အလေးအနက်ထည့် စဉ်းစားရပါတယ်။ သူတို့နဲ့ စကားစမြည်ပြောကြည့်ပါတယ်။ သီချင်းဆိုတာလုံးဝ စိတ်ခံစားမှုပါပဲ။ ကိုယ်ရေးတဲ့သီချင်းနဲ့ ပတ်သက်ဆက်နွယ်မှုတော့ရှိထားရပါလိမ့်မယ်။

တကယ်လို့ ကျွန်မအတွက် ကျွန်မရေးတယ်ဆိုရင်တော့ ကျွန်မလုပ်လေ့ရှိတဲ့အကြောင်း လေးတွေပဲဖြစ်လို့ အပိုတွေသိပ်ပြီး စဉ်းစားစရာမလိုဘူးပေါ့။ ပြီးတော့ ကျွန်မကိုယ်ကျွန်မတခြား အနုပညာရှင်တစ်ဦးအဖြစ်မြင်ကြည့်လိုက်တယ်။ ခေါင်းထဲမှာလက်ခံသွားပြီဆို အဲဒါအိုကေပါပြီ။ တကယ်လို့သာကျွန်မဟာ Janet ဆိုရင် ဒီသီချင်းကိုဘယ်လိုဆိုမလဲ။ Beyonce, Micheal Jackson , Jagged Edge တို့ဖြစ်ခဲ့မယ်ဆိုရင်ရောဘယ်လိုပုံစံမျိုးဆိုမလဲလို့စဉ်းစားကြည့်ပါတယ်။

မေး- ကိုယ့်ရဲ့မူကိုထိန်းသိမ်းဖို့ရောဘယ်လိုလုပ်ဆောင်လဲ။

Sevyn Streeter– တစ်ယောက်ယောက်ကကျွန်မကိုခေါ်ပြီး အဖြစ်အပျက်တစ်ခု ရေးခိုင်းတဲ့အခါပေါ့၊ ကျွန်မအဲဒီထဲကိုဝင်သွားလိုက်ပြီး ကျွန်မ Sevyn Streeter ဆိုတာကိုတံခါးအပြင်ဘက်မှာချန်ထားခဲ့တယ်။ 

မေး-မင်းရဲ့ သီချင်းရေးတဲ့ဖြစ်စဉ်ကဘာနဲ့တူလဲ။

Sevyn Streeter– ကျွန်မရဲ့လုပ်ငန်းစဉ်ကအမြဲတမ်း မယ်လိုဒီကစပါတယ်။ မယ်လိုဒီအပေါ်မှာအမှီပြုပြီးတော့သီချင်းအပုဒ်ရေကိုအာရုံစိုက်ထားပါတယ်။ သီချင်းအပုဒ်ရေကတစ်ခါတရံစကားပြောတယ်လို့ခံစားရပါတယ်။

မေး- မင်းရဲ့ တေးဂီတအပေါ် ဘယ်သူတွေလွှမ်းမိုးမှုရှိလဲ။

Sevyn Streeter– ကျွန်မမှာအများကြီးရှိပြီး အဲဒါတွေကိုအတူတူစုပေါင်းရောနှောလိုက်တယ်။ Kim Burrell ကနေ Kim Burrell uaePrince , Janet Jackson, DruHil, Beyonce တို့ Madonnat အထိပေါ့။ ပြောရရင်တော့အားလုံးပါပဲ။

မေး- Chris Brown နဲ့အလုပ်တွေအများကြီးတွဲလုပ်ထားတယ်နော်။ ဘယ်လိုလက်တွဲဖြစ်တယ် ဆိုတဲ့အကြောင်းလေး တစ်ချက်လောက်။ 

Sevyn Streeter– ကျွန်မတစ်ခါကပါဝင်ခဲ့တဲ့ RichGirl အဖွဲ့ရဲ့စီစဉ်သူမန်နေဂျာ Tina Davis ပါ။ သူက Chris ကိုလည်းစီစဉ်ပါတယ်။ အဲဒါကြောင့်ပဲသူနဲ့ကျွန်မဆက်စပ်မှုရှိခဲ့ရပါတယ်။ ကျွန်မတို့ နှစ်ယောက်ရဲ့ အသံသွင်းစတူဒီယိုကအတူတူပါပဲ။ တစ်နေ့စတူဒီယိုမှာသူနဲ့ကျွန်မဆုံဖြစ်တုန်း သူနဲ့တစ်ရက်လောက်သီချင်းရေးကြည့်ရအောင်လို့ကမ်းလှမ်းဖြစ်ခဲ့တယ်။ 

မေး- အနာဂတ်နဲ့ပတ်သက်ပြီး မင်းဆီကငါတို့ဘာတွေများ မျှော်လင့်လို့ရသေးလဲ။

Sevyn Streeter– အရင်ကကျွန်မရေးပေးဖူးတဲ့အဆိုရှင်တွေကိုနောက်ထပ်ပြီး ရေးပေးဖို့ရှိပါတယ်။ ကျွန်မရဲ့အနုပညာအပိုင်းဘက်ဆိုရင်တော့သီချင်းတွေထပ်ထုတ်ချင်တယ်။ ဗွီဒီယိုပိုင်းနဲ့ ပတ်သက်ပြီးတော့ လက်တွေ့စမ်းသပ်ကြည့်ချင်တာလေးတွေရှိတယ်။ အထူးသဖြင့် သရုပ်ဖော်ပိုင်းနဲ့ ပတ်သက်ပြီးတော့ပေါ့။ စင်ပေါ်မှာ မိုက်ကရိုဖုန်းကိုကိုင်စွဲထားပြီး ကျွန်မရဲ့သံစဉ်နဲ့ ကျွန်မရေးသားထားတဲ့စာသားတွေကို ပရိသတ်တွေကလိုက်ပြီး သီဆိုနေတာမျိုး လုပ်ကြည့်ချင်ပါသေးတယ်။ 

(Ref: complexmusic)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *