Appleက iPad Airကိုပွဲထုတ်

pa220609.jpg
Shares 0

Appleက iPad 5th Generationဖြစ်တဲ့ iPad Airကို ဆန်ဖရန်စစ္စကိုမှာ အောက်တိုဘာလ ၂၃ရက်နေ့က ပွဲထုတ်ခဲ့ပါတယ်။ iPad Airကို ပိုပြီးပါးလွှာတဲ့ဒီဇိုင်း၊ 64-bit processorတွေနဲ့ တည်ဆောက်ထားပြီး ဒါတွေဟာ iPhone 5Sမှာစပါလာတာ ကိုတွေ့ရပါတယ်။

iPad Airဟာ သိပ်ပေါ့ပြီး၊ သိပ်ပါးလွန်းပါတယ်။ အရင်iPadတုန်းက ၁ဒဿမ၄ပေါင် လေးပြီး အခုiPad Airရဲ့ အလေးချိန် ကတော့ (၁)ပေါင်တည်းပါ။ အရင်iPadနဲ့ယှဉ်ရင် အထူကို ၉ဒဿမ၄မီလီမီတာကနေ ၇ဒဿမ၅မီလီမီတာ (0.3လက်မ) ထိ ၂၀ရာခိုင်နှုန်းလျှော့ချပစ်နိုင်ပါတယ်။ အနားစွန်းထောင့်နေရာတွေရဲ့ အထူကိုလည်း ၄၃ရာခိုင်နှုန်း ထိလျှော့ချပစ်လိုက်ပြီး iPad mini အချိုးနဲ့အတော့်ကိုနီးစပ်ပါတယ်။ iPad Airဟာ ကမ္ဘာ့အပေါ့ဆုံး ဆိုဒ်ပြည့် tablet ဖြစ်တယ်လို့ Appleကပြောသွားပါတယ်။

မျက်နှာပြင်အကျယ် ၉ဒဿမ၇ လက်မရှိတဲ့iPad Airမှာ အရင်လိုပဲ 2048×1536 pixel resolutionကိုရပါတယ်။ iPad Airရဲ့ Processor ဟာလည်း iPhone5Sမှာတပ်ထားတဲ့ 64bit A7ပါပဲ။ အရင်iPadတွေနဲ့ယှဉ်ရင် စွမ်းဆောင်ရည် ၂ဆရှိပါတယ်။ ပထမဆုံးiPadနဲ့ယှဉ်ရင် စွမ်းဆောင်ရည်ပိုင်းမှာ ၈ဆသာပြီး graphicပိုင်းမှာတော့ ၇၂ဆသာပါတယ်။ iPad Air ရဲ့အရှိန် တိုင်းစက်၊ ပဲ့ထိန်းစက် နဲ့ သံလိုက်အိမ်မြောင်စတာတွေဆီကနေ ဒေတာတွေကိုရယူဖို့အတွက် M7 motion coprocessor လဲပါပါတယ်။

မျက်နှာချင်းဆိုင်ဖုန်းပြောတဲ့အခါ၊ ဗီဒီယိုရိုက်ကူးတဲ့အခါ အသံအားကောင်းစေဖို့အတွက် နဂိုကတည်းက မိုက်ခရိုဖုန်း ၂လုံး တပ်ပေးထားပါတယ်။

MIMOလို့ခေါ်တဲ့ multiple-input multiple-output နည်းပညာသုံး အင်န်တနာနှစ်လုံးပါတဲ့အတွက် Wi-Fi သုံးတဲ့အခါ iPad4 ထက်ကို၂ဆပိုမြန်ပါတယ်။ 802.11ac စံသစ်ကို supportမလုပ်ပေမဲ့ 802.11n/g/b/a ကို supportလုပ်ပါတယ်။ နောက် ဘက်ကင်မရာက iPad 4တုန်းကလို 5 megapixelဖြစ်ပြီး 32.4-watt-hour ဘက်ထရီက ၁၀နာရီအသုံးခံပါတယ်။ ဈေးကတော့ iPad 4နဲ့တူပြီး 16GBအတွက် ကန်ဒေါ်လာ၄၉၉ပါ။ ရှေ့ဖြူနောက်ငွေရောင် နဲ့ ရှေ့အနက်နောက်ခဲရောင်ဆိုပြီး ၂မျိုးရနိုင်ပါတယ်။ 128GBထိရရှိနိုင်ပြီး ကန်ဒေါ်လာ၇၉၉ ကျပါလိမ့်မယ်။

(Ref:Mashable)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *