အမျိုးသား နာမည်ကျော် အဆိုရှင်တစ်ချို့ရဲ့ ဖက်ရှင်ကို လေ့လာမှု

Shares 0

ဖက်ရှင်ကို လေ့လာတာဟာ စိတ်အတွက် အာဟာရလို့လဲ ပြောလို့ရပါတယ်။ သမိုင်း တစ်လျှောက် သီချင်းဖန်တီးမှုသာမက ၀တ်ပုံစားပုံပါ အထာကျခဲ့တဲ့ သူတွေကို စာရင်း ပြုစုကြည့်ရင် သိပ်များများ မတွေ့ရပါဘူး။

Shares 0
Shares 0

ဖက်ရှင်ကို လေ့လာတာဟာ စိတ်အတွက် အာဟာရလို့လဲ ပြောလို့ရပါတယ်။ သမိုင်း တစ်လျှောက် သီချင်းဖန်တီးမှုသာမက ၀တ်ပုံစားပုံပါ အထာကျခဲ့တဲ့ သူတွေကို စာရင်း ပြုစုကြည့်ရင် သိပ်များများ မတွေ့ရပါဘူး။

(၁)  John Lenon

သူရဲ့ ခပ်မိုက်မိုက် ဖက်ရှင်ကတော့ နေကာမျက်မှန်ဝိုင်း၊ ဒီနင်း(မ်)ဂျင်းဂျာကင် တစ်ထည်နဲ့ ငါးဖမ်းသမားစတိုင် ဦးထုပ်တွေပါပဲ ။ ဒါဟာ မပြောင်းလဲတဲ့သူ့ရဲ့ ဖက်ရှင်ပါပဲ။ ဂီတအကျော်အမော် Beatles Band ထဲက John Lenon ရဲ့ စတိုင်တွေက ဂီတနဲ့ ဖက်ရှင်လောက နှစ်ခုကို ဆက်စပ်စေခဲ့ပါတယ်။

(၂) Bob Marley

ချည်သားစစ်စစ်တွေနဲ့ ကပ်္ပလီစတိုင်ဆံကျစ်ပုံစံက အရမ်းလန်းပါတယ်။ သူရဲ့စတိုင်က သူ့ရဲ့သီချင်းတွေလိုပဲ ချောမွေ့ရှင်းလင်းပြီး တည်ငြိမ်ပါတယ်။

(၃) Frank Sinatra

သူရဲ့ သပ်ရပ်တိကျတဲ့ ၀တ်ပုံစားပုံက စံနမူနာဖြစ်ခဲ့ပါတယ်။ အပြစ်အနာအဆာ မရှိတဲ့ အမျိုးသားစတိုင်အတွက်တော့ သူကပြယုဂ်တစ်ခုပါပဲ။

(၄) Jimi Hendrix

ဒီ အမျိုးသားဂစ်တာသမားကတော့ အနုပညာဆန်တဲ့ ပန်းချီပညာအခြေခံတဲ့ ပုံစံတွေကို နှစ်သက်တာများပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်စတိုင်ဟာ စည်းတွေ ဘောင်တွေ လုံးဝမရှိပါဘူး။

(၅) Elvis Presley

သူကတော့ ချောမောတဲ့ ရုပ်ရည်နဲ့ လိုက်ဖက်အောင် ၀တ်စားတတ်တာနဲ့တင် သတိထားမိနိုင်ပါတယ်။

(၆) August Stone

ဒီရော့အင်ရိုးမြူးဇစ် အဆိုရှင်ကို အသံနဲ့တွဲပြီး မြင်ယောင်မိမှာပါ။ သူ့ပုံကို မြင်မိတာနဲ့ တစ်ပြိုင်နက် အချစ်ရဲ့ လွတ်လပ်မှုအကြောင်းတွေ ရေးသားတဲ့ သီချင်းတွေရဲ့အသံကို ကြားမိမှာပါ။ အဖြူရောင် ရှပ်အင်္ကျီတစ်ထည်နဲ့ မီးခိုးရောင် ဘလေဇာတို့ဟာ သူရဲ့ ဖက်ရှင်ပါ။

(၇) Justin Timberlake

ဝတ်စုံပြည့်ဝတ်တဲ့ ကပွဲတက်စတိုင်က သပ်ရပ်ခန့်ညားစေပါတယ်။ အမျိုးသမီး တော်တော်များများရဲ့ အသဲစွဲဖက်ရှင်ပါ။

(၈) Brandon Flowers

စွဲဆောင်မှုရှိတဲ့ sexyကျတဲ့ အသွင်အပြင်နဲ့ပါ။ သားရေဂျာကင်နဲ့ သူရဲ့ အသွင်အပြင်က ယောက်ျားပီသပြီး ကြမ်းကြမ်းရမ်းရမ်းစတိုင်မျိုးနဲ့ပါ။

(၉) Adam Levine

သူ့ရဲ့ တက်တူးတွေကြောင့် လူသိများခဲ့ပြီး ရိုးရှင်းတဲ့ rock စတိုင်နဲ့ကို အထာကျနေသူပါ။ အဖြူရောင် တီရှပ်တစ်ထည်နဲ့သာ အလုပ်ဖြစ်နေသူပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ အသွင်အပြင်ရှိတဲ့ သူတစ်ယောက်ပါ။

Ref:MENSXP

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *