အောက်တိုဘာလရဲ့ အထင်ကရ နိုင်ငံတကာဂီတလောက ပုံရိပ်များ

1.jpg
Shares 0

(၁)     နေရာတိုင်းမှာ ပန်းရောင်တွေချည်းပါပဲ။ အဲဒီထဲမှာ Nickie Minaj တစ်ယောက်လဲ အပါအ၀င်ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်၊ လော့စ်အိန်ဂျလိစ်မှာရှိတဲ့ Kmart မှာ Nicki Minaj ရဲ့Collection မိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။

(၂)     KeSha ကတော့ သူမနဲ့ Pitbull တို့ရဲ့ single အသစ် ပရိုမိုးရှင်းပွဲမှာ အခုလို sexy အသားပေးပုံတွေ အရိုက်ခံ ခဲ့ပါတယ်။

(၃)     Billboard ရဲ့ “woman of the year” ဆုကို ဆွတ်ခူးထားတဲ့ Pink ဟာ ပုံမှာမြင်ရတဲ့အတိုင်း အကြောက်အရွံ့ကင်းစွာနဲ့ လေထဲမှာ ထူးထူးခြားခြား သရုပ်ပြသွားပါတယ်။ ဒီပွဲကိုတော့ လော့စ်အိန်ဂျလိစ်က Staples စင်တာမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

(၄)     တေလာဆွစ်ဖ်အနေနဲ့ သူမရဲ့ “Taylor Swift Education Center” ကို အောက်တိုဘာလ(၁၂)ရက်နေ့ ၊ country music hall မှာ တရားဝင် ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

(၅)     ဒီပုံကတော့ လေဒီဂါဂါက သူမရဲ့ ARTPOP အယ်လ်ဘမ် ပြီးမြောက်ခြင်း အခမ်းအနားမှာ Rupaul နဲ့အတူ တွဲရိုက်ထား တဲ့ပုံပဲ ဖြစ်ပါတယ်။

(၆)     Justin Bieber ဟာ သူရဲ့ ကြီးထွားလာတဲ့ ကြွက်သားတွေကို ပြသချင်တဲ့ ရည်ရွယ်ချက်နဲ့ သူ့ရဲ့ ထရိန်နာနဲ့အတူ တွဲရိုက်ထားတဲ့ အခုလိုပုံတွေကို Instagram မှာ တင်ထားပါတယ်။

(၇)     ဒီပုံလေးကတော့ ရဲ့ “Today” အစီအစဉ်မှာ မိုင်လေက ပါဝင်သရုပ်ဖော်ပေးနေတာ ဖြစ်ပါတယ်။ ဒီပွဲကိုတော့ နယူးယောက်မြို့တော် Rockefeller Plaza မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

(၈)     ဒီပုံလေးကို Sirius XM’s ခန်းမမှာ ရိုက်ကူးထားတာဖြစ်ပြီး ဒီပုံမှာ ထူးခြားတာကတော့ Katy Perry ရဲ့ ရိုးရှင်းပြီး သဘာဝ ဆန်တဲ့ ၊ အလွန်လှပတဲ့ အပြုံးကို တွေ့မြင်လိုက်ရတာပဲဖြစ်ပါတယ်။

(Ref:Billboard)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *