နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့

Shares 0

အိမ်မက်ဆိုးတွေနဲ့ အိပ်မပျော်နိုင်တဲ့အခြေအနေတစ်ခုဟာ လူတွေအတွက် ခံစားရခက်စေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ညခင်းတစ်ခုမှာ ကောင်းကောင်းမအိပ်စက်နိုင် တာဟာ ခန္ဓာကိုယ်အတွက်သာမက စိတ်ကိုပါ ထိခိုက်စေပါတယ်။

Shares 0
sound-sleep.jpg
Shares 0

        ဒီတော့ အခုပြောပြပေးမယ့် အစားအသောက် (၁၀)မျိုးကို ရှောင်ရှားပြီး ကောင်းကောင်းအိပ်စက်နိုင်တဲ့ ညတစ်ည ဖြစ်ဖို့ကြိုးစားကြည့်ရအောင်။

(၁)    ရေခဲမုန့် – သကြားဓာတ်များတဲ့ အစားအသောက်တွေကို အိပ်ရာမ၀င်ခင် စားတာဟာ အိပ်မက်ဆိုးတွေမက်စေတယ်လို့ သိထားပြီးဖြစ်ပါလိမ့်မယ်။ သကြားဓာတ်က စွမ်းအင်နှုန်းကို တရှိန်ထိုးတွန်းကန်လိုက်သလိုဖြစ်ပြီး အိပ်နေချိန်မှာ ဒီစွမ်းအင်တွေက မလောင်ကျွမ်းနိုင်ပါဘူး။ တစ်နည်းပြောရရင် ပိုနေတဲ့သကြားဓာတ်တွေဟာ အဆီအဖြစ်အသွင်ပြောင်းသွားတဲ့အတွက် မအိပ်ခင်ရေခဲမုန့်စားတာက အိပ်စက်တာ အတွက်ရော ကျန်းမာရေးအတွက်ပါ အကျိုးမဖြစ်ထွန်းပါဘူး။

(၂)    မုန်ညင်းရွက်- အိပ်မပျော်စေတဲ့စာရင်းထဲမှာ အသီးအရွက်မြင်လိုက်ရလို့ အံ့သြ သွားလား။ မသိသေးသူတွေအတွက် မုန်ညင်းရွက်ဟာ အရည်ဓာတ်များပါတယ်။ ဒါက ဘာကိုဆိုသလဲဆိုတော့ ရေဓာတ်ကို ခနာကိုယ်အနှံ့တွန်းထုတ်ပေးတဲ့အတွက် အပေါ့ များများသွားစေပါတယ်။ နေ့အချိန်မှာ မုန်ညင်းရွက်လိုမျိုး အရွက်တွေစားပေးတာက ကျန်းမာရေးနဲ့ညီညွတ်ပေမဲ့ ညအချိန်အတွက်တော့ သိပ်ကောင်းတဲ့ စိတ်ကူးမဟုတ် နိုင်ဘူးနော်။

(၃)    ပါစတာ(အီတလီခေါက်ဆွဲ)- အရသာရှိတဲ့အရာတွေဟာ ကျန်းမာရေးအတွက် မကောင်းတတ်ဘူးဆိုတာ သိထားတဲ့အတိုင်းပါပဲ။ ပါစတာက လုပ်ရလွယ်ကူပြီး အရသာလဲ ကောင်းပါတယ်။ ဒါပေမဲ့ ပါစတာတွေက သွေးတွင်း အချိုဓာတ်နှုန်းကို မြင့်တက်စေပါတယ်။ ဒီမတည်ငြိမ်တဲ့အချိုဓါတ်နှုန်းတွေက အိပ်စက်ချိန်ကို အနှောင့်အယှက်ပေးပါတယ်။ နောက်ပြီး ပါစတာမှာ အဆီ၊ ဒိန်ခဲနဲ့ အနှစ်ပမာဏတွေ များများ ပါတတ်ပါတယ်။ ဒီတော့ ကယ်လိုရီကိုလည်းထည့်တွက်ပြီးမှ စားသင့်ပါတယ်။

(၄)    ပီဇာ- မင်းကတော့ စားလို့ကောင်းတဲ့အရာတွေအားလုံး ကုန်ပါပြီလို့ တွေးနေတော့မှာပဲ။ ဟုတ်ပါတယ်။ ပီဇာတွေက အိပ်ချိန်နဲ့နီးနေရင် အစာချေရခက်ခဲပါတယ်။ ခရမ်းချဉ်သီးအချဉ်ရည်တွေက အက်ဆစ်ဓာတ်ပါတဲ့အတွက် အစာအိမ်အချဉ်ပေါက် စေပါတယ်။ အဆီဓါတ်ပမာဏများတာကြောင့် သင့်အစာအိမ်ဟာ ဒါတွေချေဖျက်ဖို့အတွက်နဲ့ အလုပ်များနေတတ်လို့ပါပဲ။

(၅)    သကြားလုံးမျိုးစုံ- ပြောခဲ့သလိုပါပဲ ။ သကြားဓာတ်က ဦးနှောက်လှိုင်းလေးတွေအပေါ် အကျိုးသက်ရောက်စေတဲ့အတွက် အိပ်မက်ဆိုး မက်စေတတ်ပါတယ်။ ဒီတော့ အိပ်ရာဝင်ခါနီး သကြားလုံး၊ ဂျယ်လီတွေ အလွန်အကျွံစားခြင်းရှောင်ကြဉ်ပါ။ 

(၆)    ဆန်၊ပဲတို့နဲ့ လုပ်ထားတဲ့မုန့်များ- နည်းနည်းစားတာက ပြနာမရှိနိုင်ပေမယ့် တစ်ပန်းအပြည့်မောက်မောက် စားခြင်းက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အမျှင်ဓါတ်နဲ့ အချိုဓါတ်တွေ ပါဝင်တာကြောင့် အိပ်ရာဝင်ချိန်အတွက် ပမာဏအနည်းငယ်သာ စားသင့်ပါတယ်။

(၇)    ကြက်သွန်ဖြူ – ကြက်သွန်ဖြူက သွေးချိုနဲ့ နှလုံးအတွက်ကောင်းတယ်ဆိုပေမယ့် နိုးနေမယ့်နာရီတွေအတွက် အလားတူရှောင်ရှားသင့်တဲ့ အစာတစ်ခုပါပဲ။ အိပ်ခါနီး အစပ်တွေစားခြင်း၊ ဆေးဖက်ဝင်တဲ့ အပူတွေစားခြင်းက အိပ်ရာဝင်ချိန်မှာ ရင်ပူ ရင်ဆာဖြစ်စေပါတယ်။ အစာအိမ်အတွက်လဲ မကောင်းပါဘူး။

(၈)    ချောကလက်အညို – ချောကလက်အညိုမှာ ကဖင်းဓါတ်နဲ့ သီအိုဘရိုမိုင်းလို့ခေါ်တဲ့ အခါးဓါတ်ပမာဏ လွန်ကဲတဲ့အတွက် အိပ်ချင်စိတ်ကို လျော့နည်းစေပါတယ်။ ဒီတော့ အိပ်ခါနီးမှာ ချောကလက်အညိုစားမယ့်အစား ချောကလက်အဖြူ (သို့) နို့ချောကလက် တို့ကို စားနိုင်ပါတယ်။

(၉)    အယ်ကိုဟော – ဒါကိုတော့ မအံ့သြမိလောက်ပါဘူး။ တစ်ချို့တွေ ပြောတာက အရက်သောက်လိုက်ရင် အသံဗလံတွေ မကြားတော့ဘဲ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော် စေတယ်ဆိုတာ တကယ်တော့ ယုံတမ်းစကားတွေပါ။ အရက်သောက်ခြင်းကြောင့် ခဏခဏလန့်နိုးနေတတ်ပြီး အရက်ရှိန်ကုန်တဲ့အခါ သာမန်လိုပြန်ပြီးအိပ်စက်ဖို့ အခက်အခဲဖြစ်နေတတ်ပါတယ်။

(၁၀)  အနီရောင်ရဲရဲအသားများ- ဒီအသားတွေမှာ သံဓါတ်နဲ့ အမီနို အက်ဆစ်ဓါတ် အများအပြား ပါဝင်ပြီး ပရိုတိန်းဓါတ်အပြည့်ရှိတဲ့အတွက် အစာအိမ်က တစ်ညတာလုံး အစာချေဖို့ပဲ လုံးပမ်းနေရပါတော့တယ်။ ဒီတော့ အိပ်ခါနီး အသားအလွန်အကျွံ စားခြင်းကို ရှောင်သင့်ပြီး စားပြီးရင်လဲ လမ်းအနည်းငယ်လျှောက်ပေးပါ။

ဒါတွေကို ရှောင်ကျဉ်လိုက်ရင် သင့်အိပ်စက်မှုကို နှောင့်ယှက်နေတဲ့ အရာတွေကို ကျော်လွှားနိုင်မှာပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *