sexy ဒီဇိုင်းမျိုးတွေဝတ်ရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘူးလို့ဆိုတဲ့ နွယ်ဒါလီထွန်း

darli_12_resize.jpg
Shares 0

အနုပညာလောကထဲကို ဖြေးဖြေးနဲ့မှန်မှန် ချဉ်းနင်းဝင်ရောက်လာသူကတော့ နာမည်လေးလုံးပိုင်ရှင် နွယ်ဒါလီထွန်းပဲဖြစ်ပါတယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေတင်မကဘဲ တီဗီကြော်ငြာတော်တော်များများမှာပါ သူမရဲ့ ဟန်ပန်အချို့က ထင်ဟပ်နေတာကိုလည်း အားလုံးသတိထားမိကြမှာပါ။ Photo Model  နဲ့ ကြော်ငြာတွေကိုပဲ အားသွန်ခွန်စိုက် ကြိုးစားရိုက်ကူးနေတဲ့ သူမရဲ့ လတ်တလော လှုပ်ရှားမှုတွေနဲ့ ဖက်ရှင်အကြောင်းတစေ့တစောင်း ခုလို မေးဖြစ်ခဲ့ချိန်မှာတော့

-အခုလတ်တလော လုပ်ဖြစ်နေတာက။

ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေအတွက် ကာဗာတွေရိုက်ပေးနေတယ်။ ပြက္ခဒိန်တွေ ဘေဘုတ်တွေရိုက်ပေးဖြစ်တယ်။ ကြော်ငြာကတော့ မလွှင့်ရသေးတာတစ်ခု ရှိသေးတယ်။

-ကားရိုက်ဘက်ကိုကော မကူးဖြစ်သေးဘူးလား။

ဟုတ်။ လောလောဆယ်တော့ မကူးဖြစ်သေးဘူး။ အနုပညာနဲ့ပတ်သတ်ရင် Photo Model နဲ့ သရုပ်ဆောင်ဒီလောက်ပါပဲ။ သီချင်းဆိုတာက ၀ါသနာတော့ပါတယ်။ ဒါပေမဲ့ ဘယ်လိုမှမဖြစ်နိုင်သေးလို့။

-မိသားစုကကော ဘယ်လောက်ထိပံ့ပိုးပေးလဲ။

စစချင်းတုန်းက အဖေရော၊ အစ်မတွေကရော သဘောမတူဘူး။ အမေကတော့ စိတ်ဓာတ်အရကော ငွေကြေးအရရော ပံ့ပိုးပေးတယ်။

-ဖက်ရှင်ပေါ် အမြင်ကရော ဘယ်လိုလေးရှိလဲ။

ညီမက အမှန်အတိုင်းပြောရရင် ဖက်ရှင်ပိုင်းအရမ်းအားနည်းတယ်။ အခုနောက်ပိုင်းမှ နိုင်ငံခြား Website တွေကြည့်ဖြစ်တယ်။ ဖက်ရှင် Channel တွေကြည့်ဖြစ်တယ်။ အခုနောက်ပိုင်းမှလေ့လာဖြစ်တာများတယ်။ အရင်က သိပ်လဲမသိဘူး။ ခရေစီဖြစ်ပြီး ၀င်လာတာလဲမဟုတ်တော့ ညီမက လုပ်ရင်းနဲ့မှဝါသနာပါသွားတာလေ။ ဖက်ရှင်ပိုင်းကို အရမ်းကြီးလေ့လာတာမျိုးတော့ မဟုတ်ပါဘူး။ လုပ်ရင်းနဲ့မှပဲ အတွေ့အကြုံယူပြီး ကြည့်သွားတယ်။

-ကိုယ့်ရဲ့ ဖက်ရှင်ပိုင်းမှာကော သူငယ်ချင်းတွေက ဘယ်လိုအကြံဥာဏ်ပေးလဲ။

တချို့သူငယ်ချင်းတွေက shopping ထွက်ရင် လိုက်ပြီးဝယ်ပေးတာမျိုးရှိတယ်။ လိုက်ရွေးပေးတာမျိုးတွေရှိတယ်။ အခုနောက်ပိုင်းတော့ ရိုက်စရာရှိရင် မိတ်ကပ်သမားနဲ့ တိုင်ပင်တာမျိုးတွေရှိတယ်။ ကြော်ငြာဆို ဒီဇိုင်နာတွေနဲ့ အပ်ဖြစ်တယ်။

-အပြင်ဆိုင်တွေဆို ဘယ်ဆိုင်တွေမှာဝယ်တာများလဲ။

Too Cool, Queen Collection, Tip Top, Orchid House တို့မှာ ၀ယ်ဖြစ်တယ်။

-ကိုယ့်ရဲ့ အသားအရေကကော ဘယ်လိုအရောင်မျိုးနဲ့ လိုက်ဖက်တယ်လို့ထင်လဲ။

ညီမကတော့ အရောင်ဆို လွင်လွင်တောက်တောက်လေးတွေကြိုက်တယ်။ ကိုယ့်ကိုကိုယ် လွင်ပြီးတောက်သွားတယ်လို့ခံစားမိတယ်။ တချို့ ဒီဇိုင်နာတွေကတော့ ညီမကို အရောင်ဖျော့ဖျော့လေးတွေကြိုက်တယ်။

-ဒီလောကထဲကို စ၀င်ဖြစ်တာက။

Max2O ဘေလ်ဘုတ်ရောက်ရင်း ရောက်လာတယ်။ ဒါပေမဲ့ တကယ်လုပ်ဖြစ်တာကတော့ Oramin F မှာ Queen ရပြီးနောက်ပိုင်း စလုပ်ဖြစ်တာပေါ့။

-ဘယ်ကို ဖက်ရှင်ပုံစံမျိုးတွေက ကိုယ့်ကိုပြောင်းလဲသွားတယ်လို့ ခံစားမိလဲ။

အရမ်း ဆန်းဆန်းပြားပြားကြီးတွေတော့ ညီမက ၀တ်လေ့မရှိဘူး။ ရှုတင်မှာ ဒီဇိုင်နာတွေဆင်တဲ့အခါ sexy ဘက်ရောက်သွားရင်တော့ ပြောင်းလဲသွားတယ်လို့ ခံစားမိတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလဲမရှိဘူး။ မလိုက်ဘူးလို့လဲ ထင်တယ်။

-ဘယ်လို ပုံစံတွေကကော ဒါလီ့ကို လွှမ်းမိုးနိုင်လဲ။

အခုတလာကတော့ Princess ပုံလေးတွေ လွှမ်းမိုးနေတယ်။ အဲလိုလေးတွေ ၀တ်ဖြစ်နေတယ်။

-ပရိသတ်တွေကကော ဒါလီ့ကို ဘယ်လိုဝေဖန်ကြလဲ။

ညီမကို cute ပုံစံလေးတွေနဲ့ ပိုလိုက်တယ်လို့ပြောကြတယ်။ sexyနဲ့သိပ်မလိုက်ဘူးလို့ပြောကြတယ်။ ညီမလဲ တော်ရုံတန်ရုံသိပ်မရိုက်ပါဘူး။ တခါတလေကျရင် မဂ္ဂဇင်းတွေရဲ့ Creation အရရိုက်ဖြစ်တာပါ။

-ဒါလီရဲ့ ချစ်သူကကော ဘယ်လို ဖက်ရှင်ကို ပိုင်ဆိုင်ထားတဲ့ ယောကျာ်းလေးမျိုးလဲ။

သူက အမြဲတမ်းစမတ်ကျနေတဲ့ပုံစံမျိုးပေါ့။ အမြဲလိုလို စမတ်ကျပြီးတော့ fashionable ဖြစ်တဲ့အထဲမှာပါတယ်။

-ဒါလီရဲ့ ဖက်ရှင်နဲ့ပတ်သတ်ပြီး အပြင်သွားခါနီးရင် ဘာလေးကိုလုပ်လိုက်ရမှ ပြီးပြည့်စုံသွားတယ်လို့ခံစားမိလဲ။

နားကပ်ပေါ့။ အရမ်းကြိုက်တယ်။

-ညီမလေးရဲ့ ပရိသတ်တွေကိုကောစကားလက်ဆောင်အနေနဲ့ ဘာပြောချင်လဲ။

ညီမကို အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ အားမပေးသေးတဲ့ ပရိသတ်တွေအတွက်လဲ အများကြီးကြိုးစားသွားပါဦးမယ်။ ညီမက အသစ်တစ်ယောက်ဖြစ်တဲ့အတွက် ပရိသတ် အားပေးမှုလဲလိုအပ်ပါတယ်။ ပရိသတ်တွေလဲ ညီမကိုချစ်ကြပါ။ အားပေးကြပါလို့ပြောချင်ပါတယ်။

ခင်ဆွေသက်

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *