အဆာပြေအတွက် သင့်တော်တဲ့ Snack လေးတွေ

snacking-woman.jpg
Shares 0

          နေ့လည်နေ့ခင်းနဲ့ ညနေခင်းအချိန်မှာ အဆာပြေအတွက် snack လေးတွေ စားတော့မယ်ဆိုရင်တော့ ဒါလေးတွေ ရွေးစားပါတဲ့။ အခုဖော်ပြပေးမှာတွေက သင့်ကို အဟာရလည်းဖြစ်၊ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး ပြန်လည်လန်းဆန်းလာစေ နိုင်တာကြောင့်ပါ။

(၁)     Mexi-Crackers

          လွယ်ကူပြီး လျင်မြန်ပါတယ်။ ကရက်ကာ တစ်ချပ်ပေါ်မှာ ချိစ့်အပေါ့စား အနည်းငယ်ပုံလိုက်ပါ။ ပြီးရင် salsa လို့ခေါ်တဲ့ ဆော့စ်တစ်မျိုးကို ထပ်ပေါင်းထည့်ပြီး နှမ်းမည်းအနည်းငယ် ဖြူးလိုက်ပါ။ ဒီ snack က အဆီဓါတ်နည်းပြီး အားအင်ပြည့်ဝစေပါတယ်။

(၂)     Ice Cream-Wich

          ညဘက်တွေမှာ ညဥ့်နက်တဲ့အထိ လေ့လာစရာတွေ ရှိနေရင်တော့ ဒီလို ice cream မုန့်မျိုးက အစာကြေလွယ်ပြီး အဆာလည်းပြေစေပါတယ်။

(၃)     Latte

          နို့နဲ့လုပ်ထားတဲ့ Latte ကော်ဖီက သင့်ကို များစွာ အထောက်အကူပြုပါတယ်။ espresso ထဲမှာ ပါတဲ့ ကဖင်းဓါတ်နဲ့ နို့ထဲမှာပါတဲ့ ပရိုတိန်းဓါတ်တို့ ပေါင်းလိုက်တဲ့အခါ သင့်ကို နာရီများစွာကြာအောင် လန်းဆန်း အားပြည့်နေစေပါတယ်။

(၄)     Mini Pizza

          ခရမ်းချဉ်သီးဆော့လေးရယ် ၊ အဆီဓါတ်ပါဝင်မှုနည်းတဲ့ cheese လေးရယ်နှစ်မျိုး တွဲတဲ့အခါ လုံးဝ prefect ပါပဲ။ လတ်ဆတ်တဲ့ အသီးအရွက်လေး အနည်းငယ်ပါ ထပ်ပေါင်းထည့်လိုက်ရင်တော့ ဒီပီဇာအသေးစားလေးတွေက သင့်အတွက် ပြီးပြည့်စုံတဲ့ အဆာပြေတစ်နပ်ပါ။

(၅)     Fruit and Nut bar

          ကစီဓါတ်များတဲ့ အစားအစာတွေက သင့်ကို စာသင်ခန်းအတွင်းမှာ အိပ်ငိုက်စေပါတယ်။ ဒါကြောင့် ဒါတွေကိုစားမယ်ဆိုရင်တော့ နေ့လည်စာ မတိုင်မီစားပါ။ ဒီလို အစေ့အဆံ ယိုတွေမှာ ပရိုတိန်းဓါတ်နဲ့ မဂ္ဂနီစီယမ် ၊ သဘာဝသတ္တုဓါတ်တွေ အပြည့်ပါတာကြောင့် သင့်ကို ခွန်အားဖြစ်စေပါတယ်။       

Ref:seventeen.com

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *