Katy Perry ရဲ့ MTV အသစ် Dark Horse

katy_perrys_dark_horse_video.jpg
Shares 0

 

Katy Perry ရဲ့ Dark Horse ဗီဒီယိုအသစ်မှာတော့ အီဂျစ်ဘုရင်မ Cleopatra ကိုတုပထားတဲ့သရုပ်ဆောင်မှုကိုတွေ့ရမှာဖြစ်ပါတယ်။

Juicy J featuring လုပ်ထားတဲ့ဒီသီချင်းမှာ နီယွန်ရောင်တွေနဲ့လွှမ်းမိုးနေပြီး Katy ဟာ သာမန်လူတွေမနိုင်တဲ့ မှော်ဆန်ဆန်ဘုရင်မတစ်ပါးအဖြစ်ပါဝင်ထားပါတယ်။

သီချင်းရဲ့ bridge မှာတော့ ‘သင်မှော်ပညာနဲ့ဆော့ကစားလိုပါသလား’ လို့မေးမြန်းပါတယ်။ အဲဒီ့နောက်မှာတော့မာန်တက်နေ့တဲ့ ရှင်ဘုရင်အချို့ပါဝင်လာကြပါတယ်။ Katy ကသူမရဲ့ပလ္လင်ပေါ်မှာထိုင်နေပြီး pharaoh မင်းအပေါင်းက များပြားလှတဲ့ လက်ဆောင်ပစ္စည်းတွေနဲ့သူမရဲ့စိတ်ကိုဖမ်းစားနိုင်ဖို့ကြိုးစားတာကို ကြည့်ငေးနေပါတယ်။ ပြီးတော့ အဲဒီ့ဘုရင်တွေကိုသဲအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။ အဲဒီ့နောက်မှာတော့ Juicy J ကရုပ်ထုပုံစံတန်ဆာဆင်ထားတဲ့ အခေါင်းထဲကထွက်လာပြီး သူ့ရဲ့ featuring အပိုဒ်ကိုဆိုပါတယ်။

Dark Horse သီချင်းဟာ Hot 100 ဇယားရဲ့ထိပ်ဆုံးမှာ ရက်သတ္တပတ် လေးပတ်တာနေရာယူခဲ့ပါတယ်။

Ref:billboard.com

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *