အချိန်အခါသင့်မှ လက်ထပ်မယ်လို့ဆိုတဲ့ Leonardo DiCaprio

leonardo_dicaprio_will_marry_when_its_right.jpg
Shares 0
 

 

Leonardo DiCaprio ဟာလက်ထပ်မယ့်အစီအစဉ်ကို လုံးဝကြီးငြင်းဆန်တာမျိုးမလုပ်သေးပါဘူး။

လက်တလောမှာ အသက် ၂၁ နှစ်အရွယ် ဂျာမန်မော်ဒယ်လ် Toni Garrn နဲ့တွဲနေပြီး မကြာသေးခင်က နာမည်ကြီးအလှပဂေးတွေဖြစ်တဲ့ Gisele Bundchen နဲ့ Bar Rafaeli တို့နဲ့ ချစ်ကြိုးသွယ်ခဲ့တဲ့ ၃၉ နှစ်အရွယ်သရုပ်ဆောင် ဟာ သင့်တော်တယ်လို့ခံစားရတဲ့အခါမှလက်ထပ်ဖို့ ဆုံးဖြတ်မှာဖြစ်ကြောင်း ပြောပါတယ်။

လက်ထပ်တဲ့အစီအစဉ်ဟာ သူအနာဂါတ်အတွက်တွေးတောထားတဲ့အရာလားလို့မေးမြန်းတဲ့အခါ The Wolf of Wall Street ကြယ်ပွင့်က “အမှန်တရားကတော့ သူဖြစ်ချိန်တန်ရင်ဖြစ်လာမှာပါပဲ။ သဘာဝအတိုင်းလေးပဲဖြစ်ခွင့်ပေးမှာပါ။ တကယ်ပြောတာပါ။ ဒါဟာ လုပ်ရမယ့်တစ်ခုတည်းသောနည်းလမ်းပါပဲ လို့ကျွန်တော်ခံစားရပါတယ်။ အချိန်တန်ရင်တော့အချိန်တန်လာမှာပါ” လို့ပြောပါတယ်။

Leonardo က Toni နဲ့အတူရှိရတာအလွန်ပျော်ရွှင်ကြောင်းပြောပါတယ်။ Leo နဲ့ Toni တို့ကို ပြင်သစ်နိုင်ငံ Courchevel မှာဒီတစ်ပါတ် အစောပိုင်းကအတူတူတွေ့ကြတာဖြစ်ပါတယ်။

“ကျွန်တော်အဆင်ပြေနေပါတယ်။ အခုကျွန်တော်သာယာနေပါတယ်”  လို့ Leo ကပြောပါတယ်။

အော်စကာဆုမှာ ဆန်ကာတင်အရွေးခံရတဲ့ Leo ဟာဟောလိဝုဒ်မှာ ပုံမှန်ပါတီကျင်းပနေတာကိုတွေ့ရမှာဖြစ်ပြီး သူနဲ့အခြေအနေခြင်းတူသူတွေနဲ့ သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေလို မူးယစ်ဆေးဝါးကိုစွဲလမ်းတာမျိုးမရှိဘူးလို့ဆိုပါတယ်။

“အမြဲတမ်းစိတ်ဝင်စားမှုနဲ့စိတ်ဆန္ဒရှိတယ်လို့ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့်ကျွန်တော်အဲဒီ့အရာတွေရှိတဲ့ပါတ်ဝန်းကျင်မှာကြီးပြင်းလာခဲ့တာပါ။ ကျွန်တော်ဆိုလိုတာက အဲဒီ့အရာ (မူးယစ်ဆေးဝါး)က ကျွန်တော်နေတဲ့လမ်းထောင့်မှာရှိနေခဲ့ပါတယ်။ အဲဒီ့လမ်းထောင့်က ဈေးနေရာကိုသွားလိုက်တိုင်း မူးယစ်ဆေးစွဲလမ်းနေတဲ့သူတွေနေရာတိုင်းမှာရှိနေပါတယ်။ အဆောက်အဦးကြားလမ်းလေးတွေမှာ အပ်ထိုးနေတဲ့သူတွေ လေးငါးနှစ်အရွယ်နဲ့ ကျွန်တော့်ကို မူးယစ်ဆေးရောင်းဖို့ကြိုးစားနေတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်ဒါတွေကို အလွန်ငယ်ရွယ်တဲ့အချိန်ကတွေ့မြင်ခဲ့တာပါ။ ပြီးတော့ကျွန်တော် အဲဒီ့အရာ (မူးယစ်ဆေး)က လူတွေကိုလွှမ်းမိုးတဲ့ပုံကိုကြည့်ပြီး ထိပ်လန်တုန်လှုပ်သလိုဖြစ်ခဲ့ပါတယ်။ ကျေနပ်စရာကောင်းတာကကျွန်တော်အဲဒီ့အထဲရောမပါခဲ့တာပါပဲ။ ပြီးတော့ကျွန်တော်ဆန္ဒမရှိခဲ့ပါဘူး” လို့ပြောသွားပါတယ်။

Ref:starpulse.com

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *