တစ်ကိုယ်တော် အယ်လ်ဘမ် ‘Girl’ မတ်လမှာထွက်မယ်လို့ Pharrell Williams ကြေညာ

pharrell_620.jpg
Shares 0

 

 

တွဲဖက်ခွေနှစ်ခွေနဲ့ အောင်မြင်မှုကြီးတွေ ရခဲ့ပြီး အော်စကာဆု လျာထားခြင်းခံခဲ့ရတဲ့ သီချင်းတစ်ပုဒ် ထွက်ရှိပြီးတဲ့နောက်မှာ Pharrell Williams ဟာ တစ်ကိုယ်တော် အယ်လ်ဘမ်သစ် ‘Girl’ ကို နှစ်ပတ်အတွင်း ထုတ်လုပ်တော့မယ်လို့ သူ့ပရိသတ်တွေ အံ့သြသွားအောင် ကြေညာခဲ့ပါတယ်။

“အယ်လ်ဘမ်တစ်ခွေ လုပ်ဖို့ အခွင့်အလမ်းကို Columbia Records ကနေ ကျွန်တော့်ဆီ ကမ်းလှမ်းလာတော့ ကျွန်တော့် စိတ်ထဲမှာ ကိစ္စ ၃ရပ် ပေါ်လာတယ်။ ပထမတစ်ခုက ကျွန်တော် အမြဲအိပ်မက်မက်ခဲ့ရတဲ့ အယ်လ်ဘမ်ကို လက်တွဲပြီး လုပ်ဖို့ သူတို့စိတ်ဝင်စားလာတော့ လေးစားမိတဲ့စိတ် လွှမ်းမိုးသွားတာ။ ဒုတိယအချက်က ပွဲမှီအောင် မြန်မြန်လုပ်ရမယ်လို့ ခံစားမိတယ်။ နောက် တတိယတစ်ချက်က ဒီအယ်လ်ဘမ်ကို ‘G I R L’ လို့ နာမည်ပေးရမယ်လို့ စိတ်ထဲမှာ ချက်ချင်း သိလိုက်တယ်။ ခင်ဗျားတို့ ကြိုက်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။” လို့ Pharrell Williams ဟာ ပုံနှိပ်ထုတ်ဝေမှုတစ်ရပ်မှာ ပြောပြခဲ့ပါတယ်။

Ref:starpulse.com

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *