အိပ်ရေးမ၀ခြင်း ပြဿနာ

sleepy-at-work-620x413.jpg
Shares 0

        နေ့အချိန်မှာ အိပ်ချင်တဲ့ ဒုက္ခနဲ့တွေ့ကြုံနေရရင် သင်ဒါကို အဖြေရှာသင့် ပါတယ်။ ဒါဆို သင်အိပ်ချင်မူးတူးဖြစ်နေရတဲ့ အကြောင်းပြချက်က ဘာတွေဖြစ်မလဲ?။  အိပ်ရေးမ၀နေလို့လား ဒါမှမဟုတ် မောပန်းနွမ်းလျနေလို့လား?။ အနားယူချိန် မလုံလောက်ခြင်း၊ အိပ်လိုက်နိုးလိုက်ဖြစ်ခြင်း၊ နာတာရှည် ဝေဒနာခံစားနေရခြင်း စတဲ့ အကြောင်းပြချက်တွေအများကြီးရှိပါတယ်။ တစ်ယောက်ကတော့ သူ့ရဲ့ အိပ်ငိုက်ရတဲ့ အကြောင်းအရင်းကို အခုလိုဝေမျှသွားပါတယ်။

ကျွန်တော်ဘာကြောင့်အိပ်မပျော်ရလဲဆိုတာ လအတန်ကြာတဲ့အထိ အဖြေရှာလို့ မရနိုင်ခဲ့ဘူး။ ကျွန်တော်က အိပ်ချိန်လဲ အများကြီးယူပါတယ်။ ဆရာဝန် ကတော့ ဖြစ်နိုင်ခြေ အမျိုးမျိုးပြောပြပေးပေမယ့် အဲဒါတွေကြောင့်လို့လဲ မသေချာ ပါဘူး။ ဒါပေမယ့် (၅)နှစ်ကြာပြီးနောက်မှာတော့ အဖြေဟာဘာလဲဆိုတာ ကျွန်တော် ရှာတွေ့ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အာရုံကြောအထူးကုဆရာဝန်နဲ့ ရောဂါလက္ခဏာကို သေချာလေ့လာတဲ့အခါ ကျွန်တော့်ရဲ့ အိပ်ဆေးမှီဝဲနေတဲ့ ပမာဏကို တဖြည်းဖြည်း လျော့ချနိုင်အောင် ကြိုးစားပါတယ်။ ညသန်းခေါင်မကျော်ခင် အိပ်ရာဝင်နိုင်အောင် ကြိုးစားပါတယ်။ မနက်ကို (၁၀)နာရီလောက်မှထပါတယ်။ မနက်တိုင်း အိပ်ရာထချိန် မှန်အောင်ကြိုးစားပါတယ်။ ဒါကအရေးကြီးပါတယ်။ အဲဒီလိုလုပ်လိုက်တဲ့အတွက် အခုဆို အိပ်ငိုက်ခြင်းနဲ့ပတ်သက်တဲ့ ပြဿနာမရှိတော့ပါဘူး။

        ဒီတော့ အရေးကြီးတာက အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန် နေ့တိုင်းပုံမှန် ဖြစ်ဖို့ပါပဲ ။ အဖြေကို သိရပြီဆိုရင်တော့ လိုက်နာနိုင်မယ်ဆိုရင် နောက်တစ်နေ့မှာ ထိုင်းမှိုင်းလေးလံ ငိုက်မြည်းနေခြင်းတွေ လျော့ချနိုင်မှာ အမှန်ပါပဲ ။

Ref:about.com

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *