Jennifer Lawrence အကြောင်း ဖွင့်ဟဖို့ ငြင်းဆန်ခဲ့တဲ့ Mila Kunis

1356097049_4732_mila_kunis.jpg
Shares 0

Mila Kunis ဟာ Jim Beam ၀ီစကီ ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပထဆုံးသော ပြောရေးဆိုခွင့်ရှိသူဖြစ်ပါတယ်။ သူမတာဝန်ယူထားရတဲ့ ရာထူးကို ဂုဏ်ပြုတဲ့အနေနဲ့ Cosmopolitan.com ကနေ ၀ီစကီအကြောင်း၊ Jennifer Lawrence အကြောင်း၊ သူမကိုယ်သူမ ဆွဲဆောင်မှုရှိတယ်လို့ မြင်မမြင် စတာတွေ မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။    ။ အမျိုးသမီး မဂ္ဂဇင်း၊ အမျိုးသား မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးဓာတ်ပုံ ရိုက်တယ်နော်။ အဲ့ဒီ့ မဂ္ဂဇင်းနှစ်မျိုးကြားမှာ ဘာတွေ ကွာခြားမှုရှိလဲ။

ဖြေ။     ။ အ၀တ်အစား ဘယ်လောက် ၀တ်ရတယ်ဆိုတာပေါ့။ (ဟား ဟား ဟား) Cosmo လိုမဂ္ဂဇင်းမျိုးအတွက်တော့ ခပ်တိုတိုတွေ ၀တ်ရမယ်၊ တစ်ချိန်လုံး လုပ်ဖြစ်နေတဲ့ အမူအကျင့်တစ်မျိုးနဲ့ ဟန်ပြရမယ်၊ ပြုံးရမယ်၊ ဆံပင်ပွကြီးဖြစ်အောင် ဖွထားရမယ်။ Maxim မဂ္ဂဇင်း (အမျိုးသား မဂ္ဂဇင်း) အတွက်ဆိုရင်တော့ ဒီ့ထက် တို၊ ပြတ်ရဦးမှာပေါ့။ အဲ့ဒါ သိပ်ခက်တယ်။

မေး။    ။ အမျိုးသား မဂ္ဂဇင်းတချို့အတွက် ဓာတ်ပုံရိုက်ရင် ခင်ဗျားလုပ်တာတွေက super-sexy ပဲ။ ခင်ဗျားကိုယ်ခင်ဗျားရော ဆွဲဆောင်မှုရှိတယ်လို့ မြင်လား။

ဖြေ။     ။ အိုး၊ နိုး၊ နိုး။ တကယ် မမြင်ပါဘူး။ ကျွန်မကိုယ်ကျွန်မ ဆွဲဆောင်မှုရှိတယ်လို့ မမြင်ပါဘူး။ ကျွန်မကိုယ်ကျွန်မ ဖော်ညွှန်းဖို့ သုံးတဲ့ နာမ၀ိသေသန ၄၀ထဲမှာ sexy ဆိုတာမပါဘူး။ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ ယုံကြည်ချက် အပြည့်ရှိတယ်။ တစ်ယောက်ယောက်က ကျွန်မကို ဆွဲဆောင်မှုရှိတယ်လို့ ဆိုလာရင်လဲ ငြင်းမနေပါဘူး။ “ကျွန်မ မဟုတ်ပါဘူး။ ရှင် စွဲလမ်းနေလို့ပါ။ ကျေးဇူးပဲနော်။” လို့ ယဉ်ယဉ်ကျေးပဲ ပြန်ပြော ဖြစ်ပါတယ်။

မေး။    ။Jennifer Lawrence နဲ့ ဆုံဖူးလား။

ဖြေ။     ။ ဟုတ်ကဲ့။

မေး။    ။ ဒါဆို ခင်ဗျားရဲ့ အတွေ့အကြုံအရ သူမက ဘာနဲ့တူလဲ။

ဖြေ။     ။ သူများအကြောင်း ကျွန်မ မဆွေးနွေးတတ်ပါဘူး။

မေး။    ။ ဒါဆို Miley Cyrus နဲ့ Beyonce တို့ကရော။

ဖြေ။     ။ Beyonce. Miley ကိုတော့ ဘာမှ မဆန့်ကျင်ပါဘူး။ (ထောက်ခံပါတယ်။) ဒါပေမဲ့ ဒီမေးခွန်းက မမေးသင့်ပါဘူး။ Miley လုပ်တာတွေက မိုက်တယ်။ ဒါပေမဲ့ သူမက ငယ်သေးတယ်။ Beyonce ကျတော့ သူမကိုယ်သူမ သက်သေပြပြီးသွားပြီ။

မေး။    ။ ခင်ဗျားက E!မဂ္ဂဇင်းကလုပ်တဲ့ Fashion Police ပရိသတ်တစ်ယောက်လား။

ဖြေ။     ။ မဟုတ်ပါဘူး။ ရိုးရိုးသားသားပြောရရင် E! မဂ္ဂဇင်းကို လေးစားပါတယ်။ ဒါပေမဲ့ မကြည့်ဖြစ်ဘူး။

မေး။    ။ အော်စကာပွဲ တက်ဖြစ်မှာလား။

ဖြေ။     ။ မတက်ပါဘူး။

မေး။    ။ အော်စကာပွဲအတွက် ဘာအစီအစဉ်ရှိလဲ။

ဖြေ။     ။ မရှိပါဘူး။

မေး။    ။ အော်စကာပွဲကို ကြည့်ဖြစ်မှာလား။

ဖြေ။     ။ နိုး။ အော်စကာပွဲကို လေးစားပါတယ်။ ကျွန်မဟာ အကယ်ဒမီရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ နှစ်တိုင်း မဲပေးတယ်လေ။ ကျွန်မကြိုက်တယ်။ အဲ့ဒီ့အချိန်ဆို ကျွန်မက မြို့မှာ ရှိလေ့ရှိတာ မဟုတ်ဘူး။ ပြန်လာမှသာ ဘယ်သူတွေကတော့ ဘာဆုတွေ ရသွားပြီဆိုတာ ကြားရတာ။

မေး။    ။ Jim Beam ၀ီစကီရဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ လုပ်ဖို့ ဘာကြောင့်များ ဆုံးဖြတ်ဖြစ်ခဲ့တာလဲ။

ဖြေ။     ။ သူတို့က ကျွန်မဆီ ချဉ်းကပ်လာတာပါ။ ပြီးတော့ အလုပ်လုပ်ရတာ မိသားစုလို ခံစားချက်မျိုးရှိတဲ့ ကုမ္ပဏီမျိုးမို့လို့ ကျွန်မစိတ်ဝင်စားခဲ့တာ။ Jim Beam ကလူတွေနဲ့ တွေ့လိုက်ရတဲ့အချိန်မှာ အလုပ်လုပ်ရတာထက် ကျွန်မဟာ ကုမ္ပဏီရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ခံစားလာခဲ့ရတယ်။

Ref:cosmopolitan.com

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *