သပ်ရပ်ပြီး ဆွဲဆောင်မှုရှိတဲ့ မျက်ခုံးမွှေးကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်

cos-01-blonde-eyebrow-de.jpg
Shares 0

ကိုယ့်မျက်ခုံးမွှေးက ပါးမယ်၊ ရိတ်ထားပေမယ့်လည်း ခဲတံနဲ့ ဆွဲတိုင်း ပြောင်ချော်ချော်နဲ့ ကြည့်မကောင်းဖြစ်နေမယ်။ ဒါမှမဟုတ် မညီမညာနဲ့  သပ်သပ်ရပ်ရပ်မရှိဘူးဆိုရင်တော့ ဆွဲဆောင်မှုရှိတဲ့ မျက်ခုံးမွှေးရအောင် ဘယ်လိုဖန်တီးရမယ်ဆိုတာ ပြောပြချင်ပါတယ်။

၁။ပထမဆုံးအနေနဲ့ ပုံမှာပြထားတဲ့အတိုင်း ကိုယ့်ရဲ့မျက်ခုံးမွှေးကို spoolie ဘရက်ရှ်ကိုသုံးပြီး အပေါ်ဘက်ကိုဖွဖွလေး ဖြီးဘေးပါ။

၂။နောက်တစ်ဆင့်အနေနဲ့ slant-tip ဘရက်ရှ်လေးနဲ့ အတွင်းဘက်၊ နှာခေါင်းဘက်နားကနေ စပြီး လိုင်းသေချာထပ်ဆွဲရမှာပါ။

၃။အဲ့ဒီနောက် ခုနသုံးတဲ့ slant-tip ဘရက်ရှ်နဲ့ပဲ မျက်ခုံးမွှေးရဲ့ အဆုံးသတ် ၊ အနားသတ်ကို ညီညာအောင် ထပ်ပြီး လိုင်းဆွဲပေးပါ။

၎။မျက်ခုံးမွှေးဆွဲ ခဲတံသုံးပြီး လိုချင်တဲ့ပုံစံအတိုင်း ဖြည်းဖြည်းမှန်မှန် ဆွဲပါ။

၅။သဘာဝအတိုင်း ဖြစ်စေချင်ရင်တော့ မျက်ခုံးမွှေးသုံးပေါင်ဒါကို အဆင့် (၂)မှာတုန်းက သုံးခဲ့တဲ့ slant-tip ဘရက်ရှ်ကိုသုံးပြီး မျက်ခုံးမွှေးပေါ်မှာ နည်းနည်းထပ်ဆွဲလိုက်ပါ။

၆။အားလုံးပြီးသွားရင်တော့ နောက်ဆုံးအနေနဲ့ မျက်ခုံးမွှေးဘေးနားမှာ အပိုအလိုတွေရှိမနေအောင်၊ သပ်ရပ်နေအောင် ကွန်ဆီလာဘရက်ရှ်လေးနဲ့ အချောသပ်ပေးလိုက်ရုံပါပဲ။

Ref:cosmopolitan.com

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *