ကမ္ဘာ့ပထမဆုံး Core ၁၉၂လုံးပါ Processorကို Nvidia ပွဲထုတ်

tegra1_thumbnail.jpg
Shares 0

 

Nvidia ဟာ ကမ္ဘာ့ပထမဆုံး core ၁၉၂လုံးပါ processor ကို ဇန်န၀ါရီလ၊ ၅ရက်နေ့မှာ ပွဲထုတ်လိုက်ပါပြီ။ အဲ့ဒီ့ processorကို Tegra K1 လို့ခေါ်ပြီး မူကွဲ၂မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ 32bit ဗားရှင်းနဲ့၊ 64bit ဗားရှင်းဆိုပြီး ၂မျိုးထွက်ရှိလာပါတယ်။

၂၀၁၃ခုနှစ်အတွက် Tegra 4 နောက်ဆုံးထွက်ရှိထားပေမဲ့ ခုထွက်ရှိတဲ့ ချစ်ပ်ကို Tegra 5လို့ အမည်မပေးထားပါဘူး။ ရှေ့က စီးရီးတွေနဲ့ အစဉ်အတိုင်းမကျတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

 “မိုဘိုင်း တွက်ချက်မှုစနစ် (mobile computing)ကို စားပွဲတင် ကွန်ပျူတာ တွက်ချက်မှု၊ ထိပ်တန်းတွက်ချက်မှု (super computing) အဆင့်နဲ့ ညီအောင် ကျွန်တော်လို့ လုပ်ခဲ့ပါတယ်။” လို့ Nvidia အထွေထွေအမှုဆောင်အရာရှိချုပ် Jen-Hsun Huang ကပြောခဲ့ပါတယ်။

Ref:cnet

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *