Pearl Jam ရဲ့ Lightning Bolt Album

pearl-jam_resize.jpg
Shares 0

Lightning Bolt ဟာ  alternative ဂီတရဲ့ဂန္တ၀င်သူရဲကောင်းတွေဖြစ်တဲ့ Pearl Jam ရဲ့ ၁၀ခုမြောက် studio album ဖြစ်ပြီး အောက်တိုဘာလ ၁၁ရက်နေ့မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။ Pearl Jam ဟာ၂၀၀၉ခုနှစ်ကထွက်ရှိခဲ့တဲ့သူတို့ရဲ့ Backspacer Album အပြီးမှာငြိမ်သက်နေခဲ့တာကြာပါပြီ။ ဒီ album ကိုတော့ သူတို့နဲ့ကာလရှည်ကြာလက်တွဲခဲ့တဲ့ producer Brendan O’Brien ကထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီ album မှာပါဝင်မယ့်သီချင်းတွေကတော့

၁။ Getaway

၂။ Mind Your Manners

၃။ My Father’s Son

၎။ Sirens

၅။ Lightning Bolt

၆။ Infallible

၇။ Pendulum

၈။ Swallowed Whole

၉။ Let the Records Play

၁၀။ Sleeping by Myself

၁၁။ Yellow Moon

၁၂။ Future Days တို့ဖြစ်ပါတယ်။

Pearl Jam ဟာ punk, alternative နဲ့ grunge ဂီတဟန်တွေနဲ့ပြည့်နှက်နေပေမယ့်The Who, Crazy Horse နဲ့ the Stones  တို့ရဲ့ ဂန္တ၀င် rock ဂီတဟန်နဲ့လဲမကင်းပါဘူး။Mind Your Manners သီချင်းမှာ ဂန္တ၀င် Hard Rock ဟန်ပါတဲ့ guitar riff ကိုpunk rock ဆန်တဲ့ခံစားမှုအပြည့်နဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ Sirens ကတော့ ချစ်စရာကောင်းပြီး 80’s ဟန်ပါတဲ့ power ballad တစ်ပုဒ်ဖြစ်ပါတယ်။ Pendulum သီချင်းကတော့ Edgar Allen Poe ဟန်စိတ္တဇဆန်တဲ့ မျှော်လင့်ချက်ကင်းမဲ့မှုကို ကိုယ်စားပြုပါတယ်။

 

(ref:Wikipedia)

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *