၂၀၀၅ ခုနှစ်ကတည်းက အခွေဆိုင်က ဌားထားတဲ့ ဂျနီဖာလိုပက်ဇ် ဗီဒီယိုအခွေကို ပြန်မပေးတဲ့အတွက် အချုပ်ချခံရ

kayla-michelle-finley-3151847.jpg
Shares 0

ကေလာ မီချယ်လ်ဖင်လေး ဆိုသူ အမျိုးသမီးဟာ ၂၀၀၅ ခုနှစ်က Dalton ဗီဒီယိုအခွေဆိုင်ကနေ ဂျနီဇာလိုပက်ဇ်ပါဝင်သရုပ်ဆောင်ထားတဲ့ Monster in Law ဆိုတဲ့ ဗီဒီယိုခွေကို ဌားရမ်းခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်အထိ ကိုးနှစ်ကြာအောင် ဒီအခွေကို ပြန်လည်အပ်နှံခြင်းမရှိတဲ့အတွက်ကြောင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတယ်လို့ Mirror သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အသက် ၂၇ နှစ်အရွယ် ကေလာမီချယ်ဖင်လေး ကို ကြာသပတေးနေ့ ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ရာဇ၀တ်မှုတစ်ခုကို ဒေသရဲအုပ်ရုံးခန်းကို သတင်းလာပို့ တဲ့ သူမကို တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ပစ်ကန် ရဲစခန်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူမကို ဖမ်းဆီးဖို့ ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကို ပြပြီး ရဲအရာရှိတွေက ဖမ်းဆီးခဲ့တာပါ။ သူမဟာ ထောင်ထဲမှာ တစ်ညတာ ကုန်ဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။

ဖင်လေးဟာ ၂၀၀၅ ခုနှစ်တုန်းက Dalton အခွေဆိုင်ကနေ ဂျနီဖာလိုပက်ဇ်နဲ့ ဂျိန်းဖွန်ဒါ တို့ ပါဝင်တဲ့ Monster in Law ရုပ်ရှင်ခွေကို ဌားရမ်းခဲ့တာဖြစ်တယ်လို့ ရဲတွေက ဆိုပါတယ်။ Dalton Video ဆိုင်ဟာ ပိတ်ပစ်ခဲ့ပြီဖြစ်ပေမယ့် ဖင်လေးကို စွဲဆိုထားတဲ့ အမှုရဲ့ ဖမ်းဝရမ်းကတော့ အသက်ဝင်နေသေးတာပါ။

ပစ်ကင် ကောင်တီရဲဝန်ထမ်းတွေရဲ့ အရေးမပါတဲ့အလုပ်ကို ဖင်လေးက သူမရဲ့ Facebook စာမျက်နှာမှာ တိုက်ခိုက်ရေးသားခဲ့ပါတယ်။

ရဲတွေကတော့ သူမဌားထားတဲ့အခွေဟာ ရက်ကျော်နေပြီဖြစ်ကြောင်း Dalton ဆိုင်က စာတွေပေးပို့ ခဲ့ပြီး အမှုဖွင့်ထားကြောင်း အကြောင်းကြားခဲ့ပေမယ့် သူမကတော့ အဲဒီ့စာတွေကို မရရှိခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

ဒီ သောကြာနေ့ က ဒေါ်လာ ၂၀၀၀ တန် အာမခံနဲ့ ကေလာမီချယ်ဖင်လေး ပြန်လည်လွတ်လာခဲ့ပါတယ်။

Ref: mirror

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *