ရော့တာဒမ် တင်းနစ်ပြိုင်ပွဲမှာ မာရင်ဆီလစ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်လိုက်ရတဲ့ အန်ဒီမာရေး

62105.jpg
Shares 0

ဗြိတိန် နံပါတ်တစ် တင်းနစ်ကစားသမား၊ ကမ္ဘာ့အဆင့်ရပ်တည်မှုမှာ နံပါတ် ခြောက်နေရာ ရှိတဲ့ အန်ဒီမာရေးဟာ မထင်မှတ်ထားဘဲ ခရိုအေးရှားတင်းနစ်ကစားသမား မာရင်ဆီလစ်ကို ရှုံးနိမ့်သွားခဲ့တာပါ။

ဆီလစ်ဟာ စပေးရိုက်ချက်ကောင်းတွေနဲ့ အန်ဒီမာရေးကို အနိုင်ယူခဲ့တာဖြစ်ပြီး မာရေးနဲ့ ၁၁ ကြိမ်မြောက်တွေ့  ဆုံခဲ့ရာမှာ ဒုတိယအကြိမ်မြောက် အနိုင်ရရှိသွားခဲ့တာပါ။

ဒေးဗစ်ဖလားမှာ ဂရိတ်ဗြိတိန်အသင်းကို သမိုင်းဝင်အောင်မြင်မှုဆီ ဆွဲခေါ်ပေးနိုင်ခဲ့တဲ့ အန်ဒီမာရေးဟာ ဒီပွဲစဉ်မှာတော့ သူ့ ရဲ့အကောင်းဆုံးပုံစံပျောက်ဆုံးနေခဲ့ပြီး အခုလိုရှုံးပွဲနဲ့ ကြုံတွေ့ ခဲ့ရတာပါ။

တစ်နာရီနဲ့ ၁၁ မိနစ်သာကြာမြင့်ခဲ့တဲ့ မာရေးနဲ့ ဆီလစ် တို့ ပွဲစဉ်မှာ ဆီလစ်က ၆-၃ ၊ ၆-၄ နဲ့  အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်ရပ်တည်မှု နံပါတ် ၃၇ နေရာမှာရှိတဲ့ ခရိုအေးရှားကစားသမား မာရင်ဆီလစ်ဟာ နောက်တစ်ဆင့်မှာ ဒတ်ခ်ျကစားသမား အိုင်ဗာဆစ်ဆလင်း နဲ့ တွေ့ ဆုံမှာဖြစ်ပါတယ်။

Ref: starsports.com

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *