အိမ်ထောင်သည်တစ်ယောက်ဖြစ်သွားပြီဖြစ်တဲ့ Pharrell Williams

pharrell_williamss_marriage.jpg
Shares 0

Soul, hip hop, R&B, funk နဲ့ rock ဂီတအမျိုးအစားပေါင်းစုံကိုဖန်တီးတဲ့အပြင် ဒီဇိုင်နာ နဲ့ တေးထုတ်လုပ်သူပါလုပ်တဲ့ စွယ်စုံရအမေရိကန်ရက်ပ်ပါ Pharrell Williams တစ်ယောက်တော့ သူနဲ့ကာလရှည်ကြာချစ်သူဖြစ်ခဲ့တဲ့ မော်ဒယ်လ် Helen Lasichanh နဲ့ miami မှာ စနေနေ့ (အောက်တိုဘာ ၁၂)ကလက်ထပ်ခဲ့ပါတယ်။

Us Weekly ရဲ့အဆိုအရဒီလင်မယားရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ Usher နဲ့ Busta Rhymes တို့ဒီပွဲမှာ လာရောက်ဖျော်ဖြေဂုဏ်ပြု ခဲ့ကြတယ်လို့လဲဆိုပါတယ်။ Rau-Up website မှာတော့ Williams နဲ့ Lasicanh တို့ဟာဓါတ်ပုံဆရာ Terry Richardson နဲ့ဓါတ်ပုံအရိုက်ခံရဖို့အတွက် “Never Say Never” အမည်ရတဲ့ရွက်လှေပေါ်ကိုသူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့အတူ တက်သွားတယ်လို့ဖေါ်ပြထားပါတယ်။ အဲဒီ့နောက်မှာသူတို့နှစ်ယောက် Kampong အမျိုးသားအပူပိုင်းရုက္ခဗေဒဥယျာဉ်မှာ ရိုးရာဓလေ့ထုံးစံအရ မောင်နှံအရိုအသေပေးကြပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလကတည်းက အတူတူနေလာတဲ့ဒီချစ်သူနှစ်ဦးဟာ ၂၀၁၂  ဇူလိုင်လမှာစေ့စပ်ခဲ့ပြီး Rocket လို့နာမည်ပေးထားတဲ့ ၄နှစ်အရွယ်ရှိသားတစ်ယောက်ထွန်းကားခဲ့ပါတယ်။

ဒီလက်ထပ်ပွဲအပြင် အခြားကိစ္စတွေဖြစ်ပျက်ခဲ့တဲ့ ဒီနှစ်ဟာ Pharrell အတွက်ထူးခြားတဲ့နှစ်လို့ဆိုရမှာပါ။ သူပါဝင်ဖန်တီးထားတဲ့ သီချင်းတိုင်းလိုလိုဟာ ဒီနှစ်ရဲ့အောင်မြင်မှုဇယားတွေမှာ ထိပ်ပိုင်းကိုရောက်လာဖွယ်ရှိပါတယ်။ ဒီ The Neptunes အဖွဲ့ရဲ့ရက်ပ်ပါဟာ Robin Thicke ရဲ့ Blurred Linesသီချင်းနဲ့ ဒီနှစ်မှာ တော်တော်လေး hit ဖြစ်နေတဲ့ Deft Punk အဖွဲ့ရဲ့ Get Lucky မှာ featuring ၀င်ဆိုထားတာဖြစ်ပါတယ်။ Miley Cyrus ရဲ့ Bangerz နဲ့ Jay Z ရဲ့ Magna Carta Holy Grail album တွေမှာ Pharrell က producer အဖြစ်ပါဝင်ထားပါတယ်။

“အပြောင်းအလဲနဲ့ပါတ်သတ်ပြီးကျွန်တော်စိတ်လှုပ်ရှားနေပါတယ်။ ဂီတလှိုင်းသစ်တစ်ခုပေါ့။ လေထုထဲမှာတစ်ခုခုဖြစ်နေတယ်။ ခင်ဗျားအဲဒါကိုသိရင်သိမယ်၊ မသိရင်မသိဘူး။ ခင်ဗျားသိနေတယ်ဆိုရင် ခင်ဗျားဟာအဲဒီ့အပြောင်းအလဲကို ထိန်းချုပ်နေတဲ့နေရာမှာရှိနေလို့ပဲဖြစ်လိမ့်မယ်။ ခင်ဗျားမသိဘူးဆိုရင်တော့ ခင်ဗျားဟာ အဆက်အသွယ်ပျက်နေတဲ့တစ်နေရာရာမှာရှိနေလို့ဖြစ်လိမ့်မယ်။ ပြီးတော့ခင်ဗျားအဲဒီ့နောက်ကိုလိုက်မှန်းမသိလိုက်နေမိလိမ့်မယ်” လို့ Williams တစ်ယောက်ပြီးခဲ့တဲ့ ဧပြီလကလုပ်တဲ့ သူ့ရဲ့အသက်၄၀ပြည့်မွေးနေ့ပါတီပွဲမှာ Rolling Stone မဂ္ဂဇင်းကိုပြောပါတယ်။

(ref: rolling stone)

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *