Model တွေရဲ့ Selfie ဆိုတာ ဒီလိုပါတဲ့

640x640xcoco-selfie.jpg.pagespeed.ic_.vvjwzghzmq.jpg
Shares 0

          ကိုယ်တွေဆီမှာပဲ Selfie တွေချတာမဟုတ်။ နိုင်ငံခြားက နာမည်ကြီးမော်ဒယ်တွေလည်း ရှိုးတစ်ခု လျှောက်ခါနီးဆို အခုလိုပဲ အမျိုးမျိုးသော ပိုစ့်တွေနဲ့ ရိုက်ကြပါသေးတယ်တဲ့။ သူတို့ရဲ့ Selfie ပို့စ်တွေကတော့ အလန်းစားကြီးတွေချည်းပဲ။

          မမတို့လည်း အပြင်သွားခါနီး ဒါမျိုးလေးရိုက်ချင်ရင် အတုယူလို့ရအောင် တင်ပေးလိုက်ပါတယ်။ ပုံတွေကတော့ Model Kendall Jenner ရဲ့ အမျိုးမျိုးသော post တွေပဲဖြစ်ပါတယ်။

(၁)     သူမရဲ့ လက်ရှိအအောင်မြင်ဆုံး ရှိုးတစ်ခုဖြစ်တဲ့ New York Fashion Week မလျှောက်ခင် ရိုက်ထားတာပါ။ ဒီဇိုင်နာ Marc Jacobs ရဲ့ အံ့ဖွယ်လက်ရာတွေကို ခင်းကျင်းပြသတဲ့ ဒီရှိုးမှာ သူမရဲ့ စွမ်းရည်တွေ အတော်လေး ပြသခွင့်ရခဲ့ပါတယ်။

(၂)     အသက်(၁၈)နှစ်အရွယ် မော်ဒယ်မလေးကအမေရိကန် ဖက်ရှင်ဒီဇိုင်နာ Oscar de la Renta ရဲ့ ဂါဝန်ရှည်နဲ့ အတော်လေး စိတ်လှုပ်ရှားနေပုံ ရပေမယ့် ဒီပုံမှာတော့ သူမရဲ့ အမေနဲ့အတော်လေး တူတယ်လို့ ၀ိုင်းဝန်းပြောဆိုကြပါတယ်။

(၃)     လက်ရှိ Instagram မှာ follower ၉ မီလီယံရရှိထားတဲ့ သူမဟာ ဒီပုံကိုတော့ New York Plaza Hotel အတွင်းဘက်မှာ ကိုယ်ပိုင် ရိုက်ချက်တွေနဲ့ ရိုက်ကူးထားတာပါ။

(၄)     ၁၉၆၀ ခုနှစ်တွေတုန်းက အငွေ့အသက်တွေ လွှမ်းမိုးနေတဲ့ အနီရောင်ဘောင်းဘီအတိနဲ့ အနီရောင် သိုးမွှေးကုတ်တစ်ထည် ကိုတွဲဖက်ဝင်ဆင်ထားတဲ့ သူမအသွင်က ညှို့ဓါတ်ပြင်းနေပါတယ်။ ပြီးတော့ သံပုရာခွံ သဏ္ဍန် ဦးခေါင်းပုံစံနဲ့ပေါ့။

(၅)     ပြင်သစ်အရေးအခင်းကြီး မတိုင်မီလောက်တုန်းက နန်းဝတ်နန်းစား အင်္ကျံစတိုင်ကို modernize ဖြစ်တဲ့ ဖိနပ်တွေ ၊ ဆံပင်ဒီဇိုင်းတွေနဲ့ ပေါင်းစပ်ထားတဲ့ သူမအသွင်က ဖက်ရှင်မော်ဒယ် ပီသလွန်းလှပါတယ်။ အမျိုးသမီးဒီဇိုင်နာ Tony Burch ရဲ့လက်ရာဟာ အတော်လေးဝေးနေပြီဖြစ်တဲ့ ရှေးခေတ်တွေဆီက လွှမ်းမိုးမှုတွေ သယ်ဆောင်လာနိုင်ပါတယ်။

Ref:dailymail.com

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *