နွေရာသီအတွက် နီနီခင်ဇော်ပြောပြတဲ့ သူမရဲ့ ဖက်ရှင်နဲ့ အသားအရေထိန်းသိမ်းမှုအကြောင်း

1525291_409053579229642_922157778_n.jpg
Shares 0

ဆရာဝန်မလေး နီနီခင်ဇော်ဟာ ခုနောက်ပိုင်း အနုပညာကို တစ်စိုက်စိုက်မတ်မတ် လုပ်လာတဲ့အပြင် အရင်ကထက်လည်း အောင်မြင်မှုတွေ ပိုမိုရရှိလာတာ အားလုံးမျက်မြင်ပါ။ သူမရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး အားလုံးသတိထားမိကြတာက ဂါဝန်လေးတွေ နှစ်ခြိုက်စွာ ၀တ်ဆင်တတ်တာကိုပါပဲ။ ဒါ့ကြောင့် သူမရဲ့ ဖက်ရှင်အကြောင်း နဲ့ ပတ်သက်ပြီး မေးမြန်းကြည့်လိုက်တဲ့အခါ နီနီက ‘ဖက်ရှင်နဲ့ပတ်သတ်ပြီး ဂါဝန်လေးတွေကြိုက်တယ။် နွေရာသီမှာ ဘာဝတ်မယ်ဆိုပြီး စဥ်းစားကြည့်တာမျိုး မရှိဘူး။ အေးရင် ကုတ်ထပ်ဝတ်တယ်။ နွေဆိုရင် ချည်ထည်ဂါဝန်လေးတွေ ၀တ်ဖြစ်တယ်။ ကာလာဆိုရင် အဖြူတို့ဘာတို့အဖျော့လေးတွေ ၀တ်ဖြစ်တယ်။ ဖက်ရှင်နဲ့ ပတ်သတ်ပြီး လေ့လာမှုအနေနဲ့က အင်တာနက်က လေ့လာတယ်။ စာအုပ်တွေဖတ်တယ်။ နီနီရှာချင်တဲ့ အမျိုးအစားဆိုရင် အင်တာနက်ကနေ လျှောက်ရိုက်ပြီး ရှာလိုက်တာပဲ။ ဖက်ရှင်နဲ့ ပတ်သတ်ပြီး ကိုယ်ကိုယ်တိုင်ပဲစီစဉ်တာများတယ်။ တခါတလေ မပုံ့တို့ မလတ်တို့နဲ့ စီစဉ်တိုင်ပင်ဖြစ်တယ်’တဲ့။

အသားရေပိုင်းကိုတော့ ‘အဲလောက်ကြီး မထိန်းသိမ်းဖြစ်ဘူး။ လိုးရှင်းလောက်ပဲ လိမ်းဖြစ်တယ်။ အဲဒါတောင် နေပူထဲသွားတဲ့အချိန်၊ ခရီးသွားတဲ့အချိန်ကျမှ လိမ်းဖြစ်တယ်။ အခုလောလောဆယ် COSMETIC က ARTY ကြိုက်တယ်။ MAC သုံးတယ်။ အစုံပဲသုံးတယ်။ လက်ဆောင်ပေးတာ တွေရောပေါ့။ အကုန်သုံးဖြစ်နေပါတယ်။ ဒီနိုင်ငံမှာက နွေရာသီဆိုရင် အသားအရေပျက်စီးတတ်တယ်။ အဲဒီတော့ SUN BLOCK လေးခံလိမ်းတယ်။ အဲလောက်ပါပဲ။’လို့ သူမက ပြောပြပေးခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *