Cage the Elephant ရဲ့ Melophobia album

cage_the_elephants_melophobia_album.jpg
Shares 0

Melophobia ဟာ Kentucky နယ်က alternative ၀ိုင်း Cage the Elephant ရဲ့ တတိယမြောက် စတူဒီယို album ဖြစ်ပါ တယ်။ အောက်တိုဘာလ ၈ရက်နေ့မှာ RCA Records က ဖြန့်ချီမှာဖြစ်ပါတယ်။

ဒီ album ထဲမှာပါဝင်မယ့်သီချင်းတွေကတော့

၁။    Spiderhead

၂။    Come a Little Closer

၃။    Telescope

၎။    It’s Just Forever (featuring Alison Mosshart)

၅။    Take It or Leave It

၆။    Halo

၇။    Black window

၈။    Hypocrite

၉။    Teeth

၁၀။   Cigarette Daydreams တို့ဖြစ်ပါတယ်။

ဒီ album ရဲ့အဖွင့်သီချင်း Spiderhead မှာတော့ေ၀၀ါးပြီး အင်အားပြည့် ပုံမှန် ရစ်သမ်နဲ့တီးထားတဲ့ ဂစ်တာသံကို ကြားရမှာ ဖြစ်ပါတယ်။ Come a Little Closer မှာနှေးလိုက်မြန်လိုက်ဖြစ်နေတဲ့ သီချင်အမြန်နှုန်းနဲ့ ချစ်စရာကောင်း တဲ့ ဂစ်တာ တီးလုံးတွေ ကြားရမှာဖြစ်ပါတယ်။ “It’s Just Forever” မှာ punk နဲ့ blues rock အဆိုတော် Alison Mosshart ပါဝင်ပြီး featuring လုပ်ထားပါတယ်။

ဒီ Melophobia album မှာ Cage the Elephant ဟာသူတို့ဝိုင်းရဲ့အရင်သီချင်းတွေ သူတို့ကိုလွှမ်းမို့ခဲ့တဲ့သီချင်းတွေရဲ့ လောင်းရိပ်အောက်ကရုန်းထွက်နိုင်ဖို့ကြိုးစားထားတာဖြစ်ပါတယ်။ Melophobia ရဲ့အဓိပ္ပါယ်ကတော့ ဂီတကို ကြောက်ရွုံ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် Cage the Elephant ကတော့ ပညာတတ်ဆန်ဆန် ကဗျာဆရာဆန်ဆန် သီချင်း ဖန်တီးမှု ကိုမနှစ်မြို့ခြင်းလို့ Melophobia ကိုအဓိပ္ပါယ်ဖွင့်ပါတယ်။ ဂီတကို ရိုးသားတဲ့ ဆက်သွယ်ရေး ကြားခံအဖြစ် မြင်ကြပါတယ်။ သူတို့အဖွဲ့ရဲ့ရှေ့ထွက်အဆိုတော် Matthew Schultz ကဒီအခွေကို သူတို့အဖွဲ့ရဲ့ ထင်သာမြင်သာ ရှိမှုနဲ့ ရိုးသားမှုအတွက် တိုက်ပွဲတစ်ခုလို့ ပြောပါတယ်။

(ref:Wikipedia, rolling stone)

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *