၁၉၉၂ ယူရို ပြိုင်ပွဲမှာ ဒိန်းမတ်အသင်းကို မထင်မှတ်ထားဘဲ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြဟောင်း ရစ်ချတ် မိုလ်လာ နီးလ်ဆန် ကွယ်လွန်.

_72958882_1283898.jpg
Shares 0

၁၉၉၂ ခုနှစ် ယူရို ချန်ပီယံရှစ် ပြိုင်ပွဲ မှာ ဒိန်းမတ်အသင်းကို မထင်မှတ်ထားဘဲ ဗိုလ်စွဲအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ ဒိန်းမတ်နည်းပြဟောင်း ရစ်ချတ် မိုလ်လာ နီးလ်ဆန် ဟာ အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ သိရှိရပါတယ်။

လွန်ခဲ့တဲ့နှစ် ဂျူလိုင်လ၊ ဦးနှောက်ယောင်ရမ်းမှု ကြောင့် ခွဲစိတ်ကုသမှုပြုလုပ်ပြီး ကတည်းက မိုလ်လာ နီးလ်ဆန် ဟာ အဖျားရောဂါစွဲကပ်နေတာပါ။

မိုလ်လာနီးဆင် ဟာ ၁၉၇၈ ကနေ ၁၉၈၉ ခုနှစ်အတွင်း ဒိန်းမတ် ယူ-၂၁ အသင်းကို ကိုင်တွယ်ခဲ့ပြီး၊ နောက် ဖင်လန်အသင်းနဲ့ အစ္စရေးအသင်းတို့ ကို ကိုင်တွယ်ခဲ့ပါတယ်။

သူ့ ရဲ့အကြီးမားဆုံးနဲ့ အထင်ရှားဆုံးအောင်မြင်မှုကတော့ ၁၉၉၂ ယူရို မှာ ဒိန်းမတ်အသင်းကို အောင်မြင်မှု အထွတ်အထိပ်ရောက်ရှိစေခဲ့မှုကြောင့်ပါ။ ၉၂ ယူရိုမှာ ဒိန်းမတ်အသင်းဟာ ခြေစစ်ပွဲမအောင်ခဲ့ပေမယ့် ၀င်ခွင့်ရရှိထားတဲ့ ယူရိုဆလားဗီးယားနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားနေမှုကြောင့် ဒိန်းမတ်က အစားထိုး ၀င်ကစားခွင့်ရခဲ့တာပါ။

အင်္ဂလန်၊ ဆွီဒင်၊ နဲ့ ပြင်သစ် ဥရောပထိပ်သီးအသင်းကြီးသုံးသင်းနဲ့ တစ်အုပ်စုတည်းကျရောက်ပြီး ပရိတ်သတ် အကုန်လုံးက အုပ်စုမကျော်ဘူးလို့ မှတ်ချက်ပေးခဲ့ပေမယ့် အုပ်စုအဆင့်ကျော်လွန်နိုင်ခဲ့ပါတယ်။ နောက် ဆီမီးဖိုင်နယ်မှာ ချန်ပီယံ နယ်သာလန်အသင်းကို ပယ်နယ်တီနဲ့ အနိုင်ရရှိပြီး တစ်ကမ္ဘာလုံးကို အံ့သြမှင်တက် စေခဲ့ပြန်ပါတယ်။

၉၂ ယူရိုမှာ ဗိုလ်စွဲမယ်လို့ အကုန်ထင်ကြေးပေးထားတဲ့ နာမည်ကြီး ဂျာမနီနဲ့ ဖိုင်နယ်ပွဲစဉ် ကစားရာမှာ ဒိန်းမတ်က ၂ ဂိုး ၊ ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ယူရိုပီယံ ချန်ပီယံဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တာပါ။ ဒိန်းမတ် အသင်း သမိုင်းတစ်လျှောက် အကြီးမားဆုံးအောင်မြင်မှုတွေ စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဟောင်း ရစ်ချတ် မိုလ်လာ နီးလ်ဆင် ကွယ်လွန်မှုအတွက် ဒိန်းမတ် ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်အပါအ၀င် နာမည်ကြီးဘောလုံးသမားဟောင်း တော်တော်များများက ၀မ်းနည်းကြောင်း သ၀ဏ်လွှာရေးသားပေးပို့  ခဲ့ပါတယ်။

Ref: bbc.com

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *