သူနဲ့ ထိုးသတ်ဖို့ လက်ခံလိုက်တာ ကားလ်ဖရော့ခ်ျရဲ့ အဆိုးရွားဆုံးအမှားပဲလို့ လှောင်ပြောင်လိုက်တဲ့ စူပါမစ်ဒယ်ဝိတ်ချန်ပီယံဟောင်း ဂျော့ဂရုဗ်

_72976115_carl_froch_george_groves_getty3.jpg
Shares 0

စူပါမစ်ဒယ်ဝိတ်တန်းမှာ အကြီးမားဆုံးရန်သူတော်ကြီးတွေဖြစ်တဲ့ ကားလ်ဖရော့ခ်ျ နဲ့ ဂျော့ဂရုဗ် တို့ ဟာ မေလ ၃၁ ရက်နေ့ မှာ ထိုးသတ်ကြမှာဖြစ်ပါတယ်။ အခုလို သူနဲ့ ထိုးသတ်ဖို့ လက်ခံလိုက်တာဟာ ကားလ်ဖရော့ခ်ျ ရဲ့ ဆိုးရွားတဲ့အမှားတစ်ခုပဲလို့  ဂျော့်ဂရုဗ်က ပြောကြားလိုက်ပါတယ်။

နော်တင်ဟမ်မြို့ သား WBA နဲ့ IBF ဆုခါးပတ်ပိုင်ရှင် ဖရော့ခ်ျကို လွန်ခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက ဂရုဗ်က စိန်ခေါ် ထိုးသတ်ခဲ့ဖူးပေမယ့် ကိုးချီမြောက်မှာ ဒိုင်ပွဲရပ်နဲ့ ဖရော့ခ်ျ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုခါးပတ်တွေကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

လန်ဒန်မြို သား အသက် ၂၅ နှစ်အရွယ် ဂရုဗ်ကတော့ အခုလာမယ့်ပွဲဟာ သူ့ အတွက်အောင်ပွဲဖြစ်လာမှာပါလို့  ပြောဆိုနေပါတယ်။

အခု ဖရော့ခ်ျနဲ့ ဂရုဗ်တို့ ပြန်လည်ထိုးသတ်မယ့်ပွဲစဉ်ဟာ ဗြိတိသျှဘောက်ဆင်သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံး ပြန်လည်ထိုးသတ်ပွဲစဉ်တစ်ခုဖြစ်လာမယ်လို့ ဘောက်ဆင်ပရိတ်သတ်တွေက ခန့်  မှန်းထားကြပါတယ်။

မေလ ၃၁ ရက်နေ့ မှာ ထိုးသတ်မယ့်ပွဲစဉ်မှာ ဂရုဗ်သာ အနိုင်ရခဲ့ရင် ဖရော့်ခ်ျရဲ့ WBA နဲ့ IBF ချန်ပီယံခါးပတ် နှစ်ခုလုံးကို သိမ်းပိုက်ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ကားလ်ဖရော့်ခ်ျဟာ ဒီပွဲစဉ်ပြီးရင် ဘောက်ဆင်ကစားသမားဘ၀က အနားယူဖို့  ရှိတယ်လို့ ပြောကြားထားပါတယ်။

WBA နဲ့ IBF စူပါမစ်ဒယ်ဝိတ်ချန်ပီယံ ဖရော့်ခ်ျဟာ ကစားသမားဘ၀ ၃၄ ပွဲထိုးသတ်ခဲ့ရာမှာ ၃၂ ပွဲအနိုင်ရရှိထား ပါတယ်။

Ref: bbc.com

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *