မျက်လုံးပုံစံ အမျိုးမျိုးအတွက် အိုင်းရှဲဒိုးဆိုးနည်း အမျိုးမျိုး

cos-01-eye-shape-opener-yjhyjx-mdn.jpg
Shares 0

ကိုယ့်မျက်လုံးကို အိုင်းရှဲဒိုးဆိုးတော့မယ်၊ အိုင်းလိုင်နာ ဆိုးတော့မယ်ဆိုရင် ကိုယ့်မျက်လုံးက ဘယ်လိုမျိုးဆိုတာ သိထားရင် ပိုပြီးဆွဲဆောင်မှုရှိအောင်၊ ပိုပြီးထူးခြားလှပအောင် ခြယ်သနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။ အဲ့ဒါကြောင့် သင့်မျက်လုံးပေါ် မူတည်ပြီး ဘယ်လို အိုင်းရှဲဒိုးပုံစံမျိုး ဆိုးသင့်တယ်ဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။သင်က ကိတ်တီပယ်ရီလို မျက်လုံးဝိုင်းဝိုင်းလေးတွေ ပိုင်ဆိုင်ထားသူဆိုရင်တော့ အိုင်းလိုင်နာကို မျက်လုံးအတွင်းသားဘက်ကနေ အပြင်ဘက်ကို ပြန်ဖြာထွက်သလို ဆွဲပါ။ Cat eye ဒီဇိုင်းမျိုးဆိုရင်လည်း လှတာပါပဲ။ ပြီးတော့မှ အိုင်းရှဲဒိုးကို မျက်လုံးအနားကပ်ပြီး ခြယ်သလိုက်ရုံပါပဲ။

၂။ဘီယွန်စေးလို မက်မွန်းစေ့ပုံစံ မျက်လုံးမျိုး ပိုင်ဆိုင်ထားသူတွေကတော့ ခြယ်သမှုမှာ အထူးအားထုတ်စရာတောင် မလိုပါဘူး။ အပေါ်မှာ ဖော်ပြထားသလို မျက်လုံးဝိုင်းတဲ့သူတွေ ခြယ်သတဲ့အတိုင်း ခြယ်သနိုင်ပြီး ကိုယ့်စိတ်ကြိုက် ထွင်ပြီးတော့လည်း ဆိုးကြည့်နိုင်ပါတယ်။

၃။ပုံမှာပြထားတဲ့ ကမ်မလီယာဘဲလ်လို အောက်နည်းနည်းဆိုက်တဲ့ မျက်လုံးမျိုးဆိုရင်တော့ မျက်လုံးတစ်ဝိုက် အိုင်းလိုင်နာကို ခပ်များများသာ ဆိုးလိုက်ပါ။ မျက်လုံးအတွင်းသားလေးကနေ အပြင်ထိ ထူထူလေး ဆိုးနိုင်ပါတယ်။

၎။ကီရာနိုက်တလေလို မျက်လုံးအိမ် ခပ်ကျဉ်းကျဉ်းဆိုရင်တော့ ပထမဆုံးအချက်တုန်းက ဖော်ပြထားသလို ပြင်ဆင်နိုင်ပါတယ်။ မျက်လုံးဝိုင်းတဲ့ သူတွေအတိုင်း ပြင်ဆင်ကြည့်လိုက်ပါ။ နည်းနည်းကာလာနက်တဲ့ ရှဲဒိုးကို သုံးပြီး ခြယ်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

၅။မျက်ခွံမို့တဲ့ သူတွေအတွက်တော့ ဆယ်လီနာဂေါမက်ဇ် ပြင်ဆင်ထားသလို ကိုယ့်မျက်ခွံက အရင်ထက်ပိုသေးသွားသယောင် ခြယ်သရမှာပါ။ အိုင်းရှဲဒိုးကို မျက်လုံးအတွင်းသားဘက်က စဆွဲပါ။ မျက်ခွံကို ကာလာနည်းနည်း ဆိုးလိုက်ပါ။ ကြည့်ရတာ ညီညီမျှမျှလေး ဖြစ်သွားအောင် အိုင်းလိုင်နာလေးနဲ့ လိုက်ဖြည့်ပေးလိုက်ရင် ရပါပြီ။

Ref:cosmopolitan.com

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *