ဇာတ်ကားတွေ အထွက်မကြဲအောင် ကြိုးစားသွားမယ်လို့ ကတိပေးလိုက်တဲ့ မင်းသွေး

484600_509806542379600_1738876414_n.jpg
Shares 0

လက်ရှိမှာ ဇာတ်ကားတွေပြန်လည်ရိုက်ကူးနေပြီး အနုပညာလောကနဲ့ အဆက်အသွယ် မပြတ်တော့ပါဘူးလို့ ပြောလာတဲ့ မင်းသွေးနဲ့ တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့တာတွေကတော့ ‘အခုလတ်တလောကတော့ ကားရိုက်ထက် နယ်ဖက်တွေမှာ သီချင်းတွေ သွားဆိုဖြစ်နေတယ်။ ဒါကလဲ စီးပွားရေးထက် နယ်က ပရိသတ်တွေရဲ့ အားပေးမှုကို သိချင်လို့ပေါ့နော်။ နယ်က တော်တော်လဲ အားပေးကြတယ်။ သီချင်းဆိုတာ ကြည့်ချင်တာထက်ကို မင်းသား မင်းသမီးကို သက်သက်ကြီး လာအားပေးကြတာ။ အဲတော့ အရမ်းပျော်မိတယ။် ကိုယ်ကလဲသူတို့တွေ ကိုယ်တွေကို ဘယ်လောက်အားပေးလဲ သိချင်လို့သွားတာဆိုတော့ ပျော်ရွှင်စရာတော့ ကောင်းပါတယ်။ ပြီးတော့ ကြားထဲမှာလဲ ကျွန်တော်ဇာတ်ကားတွေ အထွက်ကြဲသလိုဖြစ်သွားတယ်။ အခုနောက်ပိုင်းမှာတော့ လုံးဝမဖြစ်တော့ပါဘူးလို့ပရိသတ်တွေကိုကျွန်တော်ကတိပေးပါတယ်။ အရင်နဲ့မတူတဲ့ ဇာတ်လမ်းဇာတ်အိမ် ကောင်းကောင်း ဇာတ်ကားတွေကို ပရိသတ်အတွက် အကောင်းဆုံး ပေးဆပ်ဖန်တီးသွားဖို့ ရှိပါတယ်’လို့ သူက ပြောပါတယ်။

လာမယ့် ချစ်သူများနေ့ကို သူဖြတ်သန်းမဲ့အကြောင်းကိုတော့ ‘ထွေထွေထူးထူးတော့ မရှိပါဘူး။ အလုပ်နဲ့ပဲဖြတ်သန်းဖြစ်မယ်ထင်ပါတယ်။ အနုပညာ အလုပ်လုပ်နေရတော့ သူများအားတဲ့ရက် ကိုယ်မအားဖြစ်ဖို့များမယ်။ သူများတွေ ပျော်ကြတဲ့ရက်ဆို ကိုယ်ကအလုပ်တွေနဲ့ပဲ ဖြတ်သန်းဖြစ်မယ်ထင်တယ်။ အခုအချိန်မှာ အလုပ်ကိုပဲ ဦစားပေးလုပ်ဖြစ်မှာဖြစ်တဲ့အတွက် အချစ်ဆိုတာက အဝေးဆုံးမှာပါ။ အချစ်ဆိုတာ ငယ်ငယ်ကတော့ ကိုယ်ကြိုက်ရင် ချစ်တယ်ပေါ့။ ဒါလောက်ပဲသိတယ်။ အခုအရွယ်မှာကျတော့ ကိုယ်က အနုပညာအလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် ကိုယ့်အလုပ်ကို နားလည်ပေးမဲ့သူတော့ ရွေးချယ်ရမှာပေါ့နော်။ မင်္ဂလာသတင်းကတော့ အဝေးကြီးလိုပါသေးတယ်။ အခုချိန်မှာအလုပ်ကိုပဲ ဦးစားပေးထားပါတယ။် အိမ်ကတော့ ဘာမှချုပ်ချယ်ထားတာမရှိပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ့်သဘောကျပေါ့နော်။ ဒါပေမဲ့ ကိုယ်ကလဲ ခုချိန်မှာအလုပ်ကို သေချာလေးအာရုံစိုက်ပြီးလုပ်ချင်လို့ မစဉ်းစားသေးတာပါ’တဲ့။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *